အေသင်အတွက် အဖော်ရနေပါပြီ။

အေသင်ချိုဆွေရဲ့ ဘဝကြီးက အရင်လိုအထီးမကျန်တော့ဘူးတဲ့။ မုန့်စားတာ အပြင်သွားတာကအစ သမီးလေးနဲ့အတူတူသွားလို့နေပြီဖြစ်ကာ သမီးလေးကလည်း အပြင်သွားဖို့ခေါ်ရင် နှစ်ခါမခေါ်ရဘူးလို့ ဆိုပါတယ်။

မေမေနဲ့အတူDim sum စားနေတဲ့ Ivy လေး Photo : အေသင် FB

အေသင်ချိုဆွေက သူမဘဝကြီးဟာ အရင်လို အထီးမကျန်တော့ဘူးလို့ ဆိုပါတယ်။ သမီးလေး Ivy ရှိနေတဲ့အတွက် အခုဆိုရင် မုန့်စားတာ အပြင်သွားတာကအစ သမီးလေးနဲ့ အတူတူသွားလို့ ရနေပြီဆိုပြီး သူမက ပြောထားပါတယ်။

“အရင်လိုအထီးမကျန်တော့ပါ သမီးလေးနဲ့အတူ သွားမယ် အတူစားမယ် အခုလည်း Dim sum သွားစားမယ်ဆိုတော့ ဘယ်သူမှ အဖော်ဆက်လို့မရဘူး ။ဗီးဗီး နဲ့ မေမေနဲ့သွားစားကြမယ်ဆိုတော့ ၂ခါမခေါ်ရဘူး သဘောတွေကျပြီး ဖိနပ်ပြေးယူတာဘဲ” ဆိုပြီး အေသင်ချိုဆွေရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၁၈) ရက်နေ့က ရေးသားထားပါတယ်။

မေမေနဲ့အတူDim sum စားနေတဲ့ Ivy လေး Photo : အေသင် FB

Ivy လေးဟာ အခုဆိုရင် အရမ်းကို သိတတ်လွန်းတဲ့ ကလေးလေးလို့ ဆိုရမှာပါ။ အခုလည်း မေမေက မုန့်စားဖို့ ခေါ်တာ (၂)ခါမခေါ်ရဘူးတဲ့။ အရုပ်မလေးလို ချစ်ဖို့ကောင်းလှတဲ့ အေသင်ချိုဆွေရဲ့ သမီးလေး Ivy ဟာ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားသူလေးပါ။

Ivy လေးဟာ အခုဆိုရင် (၁)နှစ်ကျော် အရွယ်လေးပဲ ရှိပါသေးတယ်။ တတ်လွန်းလည်လွန်းတဲ့ Ivy လေးက ၂၀၁၉ခုနှစ် ၊ သြဂုတ်လ(၂၅) ရက်နေ့မှာ အသက်(၂)နှစ်ပြည့်မှာပါ။

မေမေနဲ့အတူDim sum စားနေတဲ့ Ivy လေး Photo : အေသင် FB

ဇန်နဝါရီ(၈) ရက်နေ့ကလည်း အေသင်က Ivy လေး ဘယ်လိုတွေ လည်နေပြီလဲ ဆိုတဲ့ အကြောင်းအရာလေးတွေကို သူမဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြထားတာတွေ့ရပါတယ်။

“တစ်ခါတလေ အပြင်လူတွေနဲ့ တွေ့ရင် သူက ချေတတ်သေးတာနော်။ မသိရင် လူကြီးတွေကသင်ပေးထားသလိုလိုနဲ့ မျက်လုံး အကြည့်တွေကအစ ဘယ်လိုတတ်လဲမသိ။ အရင်ကထက်လည်းပိုဂျီကျပြီး ပိုရစ်တတ်လာပြီ။'' ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo : အေသင် FB

အေသင်ချိုဆွေဟာ လက်ရှိမှာ သမီးလေးကို စောင့်ရှောက်ရင်း အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လျက်ရှိပါတယ်။ နယ်ဖျော်ဖြေပွဲတွေသွားတဲ့အခါ သမီးလေးကို ခေါ်ခေါ်သွားတတ်ပါတယ်။

အေသင်ချိုဆွေဟာ အနုပညာလောကထဲကို ၂၀၁၈ခုနှစ် ဇူလိုင်(၁၀) ရက်နေ့က “အသည်းကွဲသီချင်းတွေမဆိုတော့ဘူး” ဆိုတဲ့ သီချင်းသစ်နဲ့ ပြန်လည်ရောက်ရှိလာတာပါ။အဲ့ဒီနောက် “ကမ္ဘာကြီးလောက်”ဆိုတဲ့ သီချင်းကိုလည်း ပရိသတ်တွေအတွက် အွန်လိုင်းမှာ တင်ပေးခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းလောက်က သမီးလေးအတွက် ရည်ရွယ်ပြီး သီဆိုထားတဲ့” သမီးလေးအတွက်” ဆိုတဲ့ သီချင်းလေးဟာလည်း ပရိသတ်တွေကြား အောင်မြင်မှု ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Photo : အေသင် FB

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ ဂီတလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အဲ့ဒီသီချင်းခွေနဲ့ပဲ ပရိသတ်တွေကြား အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် အနီးဆုံးလူနမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးခွေတွေသာမက အတွဲခွေများစွာမှာ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်မှာလည်း ပရိသတ်တွေအားပေးမှု ရရှိခဲ့တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က