ခင်လေးနွယ်နဲ့ မပုံ့တို့က လုပ်ပေးခဲ့တာပါ။

ဒီနေ့ဟာ သရုပ်ဆောင် အဆိုတော် ချစ်သုဝေရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ ခေတ်နဲ့ သစ်တို့ရဲ့ ချစ်ဖို့ကောင်းတဲ့ မေမေက ဒီနေ့မှာ အသက်(၃၄)နှစ် ပြည့်တာပါ။ သူမရဲ့ မွေးနေ့လေးမှာ သူငယ်ချင်းတွေက မွေးနေ့ Surprise ပြုလုပ်ပေးခဲ့ပါတယ်။



Photo : မပုံ့ FB

 

ဒီနေ့(သြဂုတ်လ၁၀ရက်)နေ့က သရုပ်ဆောင် အဆိုတော် ချစ်သုဝေရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ သူငယ်ချင်းတွေဖြစ်တဲ့ ဒီဇိုင်နာမပုံ့နဲ့ ခင်လေးနွယ်တို့က မွေးနေ့Surprise လေး လုပ်ပေးခဲ့ကြပါတယ်။ ချစ်သုဝေဟာ မွေးနေ့လေးမှာ သူငယ်ချင်းတွေနဲ့ အတူ မွေးနေ့ကိတ်လေးခွဲခဲ့သလို မိသားစုလေးနဲ့အတူလည်း မွေနေ့ကိတ်လည်း ခွဲခဲ့တာ တွေ့ရပါတယ်။

 

ချစ်သုဝေပြောပြလာတဲ့ ရိုးရှင်းလွန်းတဲ့ သူမရဲ့ဘဝအကြောင်း

သရုပ်ဆောင် ချစ်သုဝေဟာ ဒီနေ့မှာ အသက်(၃၄) နှစ်ပြည့်တာ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ ပရိသတ်တွေနဲ့အတူ အလှူလုပ်သွားဖို့ လည်း ရှိပါတယ်။ ရန်ကုန်မြို့ မြောက်ဒဂုံမှာရှိတဲ့ သုခရိပ်မြုံ HIV လူငယ်ဖွံ့ဖြိုးရေးဂေဟာမှာ အလှူသွားလုပ်မှာ ဖြစ်ပါတယ်။

ချစ်သုဝေဟာ လက်ရှိမှာ ကလေးလေးတွေကို  စောင့်ရှောက်ရင်း သူမရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။  ချစ်သုဝေဟာ သမီးလေးအတွက် ကိုယ်တိုင်လုပ် ပေးကိုင်ပေး ချက်ပြုတ်ပေးရမယ့် ကျေနပ်သူပါ။

Photo : လင်းလင်း FB

 

သမီးလေးတွေ ထမင်းစားဖို့ တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ်ကျွေးတတ်သူလည်း ဖြစ်ပါတယ်။သူမရဲ့ ပရိသတ်တွေကတော့ သမီးလေးကို စောင့် ရှောက် ရင်း သူမရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ ပြောထားကြပါတယ်။ ချစ်သုဝေဟာ သမီးလေးအတွက်လည်း မိခင်ကောင်း တစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသလို ပရိသတ်တွေအတွက်လည်း သူမရဲ့ အနုပညာအသစ်တွေကို ချပြနိုင်ဖို့ ကြိုးုစားနေသူပါ။

Photo : ချစ်သုဝေ FB

 

ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ပုံလေး တွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က