ထူးခြားတဲ့ ဖြစ်ရပ်ဆန်းတစ်ခုနဲ့ ကြုံခဲ့ရပါတယ်တဲ့။

ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ သူမ မေ့မျှောသွားတဲ့အချိန်မှာ ကွယ်လွန်သွားတဲ့ အမေ နဲ့ ပြန်ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ဝမ်းနည်းကြေကွဲရင်း သူမရဲ့ကျန်းမာရေးမကောင်းဘူးဆိုတာကိုလည်း ရင်ဖွင့်ပြောပြခဲ့ပါတယ်တဲ့။

Photo: ကစ်ကစ်

ဆီးချိုရောဂါနဲ့ ကျောက်ကပ်ဝေဒနာကို ၁နှစ်ကျော်အကြာ ခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ သူမရဲ့ ရောဂါအခြေအနေဆိုးတဲ့အချိန်က ခဏတာ မေ့မျှောသွားခဲ့တယ်လို့ ဆိုပါတယ်။ သူမ မျှောနေချိန်မှာ အမှတ်ရခဲ့တဲ့ အဖြစ်အပျက်ကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ မျှောသွားတဲ့အချိန်မှာ မင်းသား ရဲတိုက်နဲ့ တစ်ပုံစံတည်းတူတဲ့ ကောင်လေးတစ်ယောက်ကို သွားတွေ့တယ်။ အသားလေးကဖြူဖွေးနေတာပဲ စတစ်ကော်လံအဖြူလေးနဲ့ သူကပြောတယ်။ အစ်မရယ်တဲ့ ဘယ်တွေလျှောက်သွားနေတာလဲ ပြန်စရာရှိတာပြန်၊ အချိန်တွေလွန်ကုန်ရင်မကောင်းဘူးတဲ့။ နောက်လှည့်ပြီး ပြန်လိုက်တော့ပြဿဒ်ကြီး တစ်ခု သွားတွေ့တယ်။’’ လို့ မေလ ၃၀ ရက်နေ့က ဖြေဆိုခဲ့တာပါ။

Photo: ကစ်ကစ်

အဲဒီနောက် ကစ်ကစ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ မိခင်နဲ့လည်း ပြန်လည်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ သူမ ကျန်းမာရေးမကောင်းတဲ့အကြောင်းကိုလည်း ဝမ်းနည်းစွာ ပြောပြခဲ့သေးတယ်လို့ ကစ်ကစ်က ပြောပါတယ်။

‘’ အဲဒီပြဿဒ်ကြီးထဲမှာ ပဌာန်းတရားတွေ ဖွင့်ထားတာ ကြားရတယ်။ အထဲဝင်လိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးလောက်က ဆုံးသွားတဲ့ အမေ့ကို သွားတွေ့တယ်။ အမေတို့ ညီအစ်မ ၃ ယောက်စလုံးကို သွားတွေ့တာ။ အမေက ဘာဖြစ်လာတာလဲ မေးတယ်။ နေမကောင်းဘူး အမေလို့ ဆိုပြီးတော့ အမေ့ပေါင်ပေါ်မှာ ခေါင်းအုံးပြီး အိပ်နေရော။ အမေ့က သူ့ရဲ့ ခါးပိုက်အိတ်ထဲကနေ နီညိုရောင်အိတ်ကလေးထုတ်ပြီး ရွှေရောင် မန်းကျဉ်းစေ့တွေ အများကြီးပေါ့။ အဲဒီမှာ မန်ကျဉ်းစေ့ကို ကိုက်ပြီးတော့ရေနဲ့ဖျော်လိုက်တာ သွေးဆေးအရောင်တွေ ထွက်လာတယ်။ ပြီးတော့ ငါ့သမီး ဟိုမရောက်၊ ဒီမရောက်နဲ့ ဒုက္ခရောက်နေဦးမယ်လို့ ပြောတယ်။ သမီး မပြန်တတ်တော့ဘူးဆိုတော့ ပြဌာန်းသံကြားတယ် မဟုတ်လားတဲ့ ပဌာန်းသံ ကြားတဲ့နောက်ကိုလိုက်ပြီး ပြန်တဲ့’’ လို့ ဆက်လက် ပြောပြခဲ့တာပါ။

Photo: ကစ်ကစ်

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။

Share

Loading Next Article...
က္က