အခုမှ အသက် ၁၃ နှစ်ပဲရှိသေးတဲ့ ကလေးပါ။

ထွန်းအိန္ဒြာဗိုရဲ့ သားလေး အောင်ဗိုကောင်းသန့်ကတော့ မေမေ့ရဲ့ ဇာတ်ကားတွေကို ကြည့်ရတာ ရင်ထဲမှာ တစ်မျိုးကြီးခံစားရတယ်လို့ဆိုပါတယ်။ သူဟာ အခုဆိုရင် အသက် ၁၃ နှစ်အရွယ်သာရှိပါသေးတယ်။

Photo: Mi Mi Khine

သရုပ်ဆောင် ထွန်းအိန္ဒြာဗို ရဲ့ သားလေး အောင်ဗိုကောင်းသန့်ဟာ မေမေ့လို အနုပညာအလုပ်တွေ သိပ်ပြီးတော့ ဝါသနာမပါတဲ့သူတစ်ယောက်ပါ။ မေမေ့ရဲ့ ဇာတ်ကားတွေကိုလည်း ကြည့်ရင် ရင်ထဲမှာ ခံစားရတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ မေမေ့ ဇာတ်ကားတွေ ကြည့်ရင် ရင်ထဲမှာ တစ်မျိုးကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ထဲမှာ ဟန်ဆောင်နေတာ သိပေမယ့်လည်း စိတ်ထဲမှာ တစ်မျိုးပဲဆိုတော့ မကြည့်ဖြစ်တော့ဘူး။ သားက သီချင်းတော့ နားထောင်တယ်။ ရုပ်ရှင်ရိုက်ရတာတို့တော့ သိပ်မစဉ်းစားဘူး။ ကျောင်းပြီးခါနီး မိဘတွေကို ပြရတယ်ဆိုရင် သားက မလုပ်ချင်လို့ သား ကိုယ်တိုင် မလုပ်ချင်တဲ့အကြောင်း ဖွင့်ပြောတယ်’’ လို့ ဆိုပါတယ်။

Photo: Mi Mi Khine

အဲဒီနောက် မိခင်ဖြစ်သူက အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ကျောင်းမှာသူငယ်ချင်းတွေ၊ ဆရာမတွေက မေမေ့အကြောင်း မေးတယ်လို့ ဆိုပါတယ်။

‘’ ကျောင်းမှာဆိုရင် သူငယ်ချင်းတွေက မေမေ့အကြောင်းအရမ်းမေးတယ်။ အခုလည်းကျောင်းမှာ သား ဆရာမက သားကို မေမေ့အကြောင်းမေးဖူးတယ်။ မေမေက မြန်မာနိုင်ငံမှာပဲလုပ်တာလား၊ အမေရိကမှာ သွားမလုပ်ဘူးလားဆိုတော့ သားက ပြန်ဖြေလိုက်တာက မေမေက သီချင်းလည်းဆိုတယ်၊ သရုပ်ဆောင်အလုပ်လည်း လုပ်တယ်။ အမေရိက မှာလည်း သီချင်းတွေ သွားဆိုဖူးတယ်လို့ ပြန်ဖြေခဲ့တယ်’’ ဆိုပြီးတော့ မေလ ၃၀ ရက်နေ့က ‘’ဆူးပန်းခွေဘယ်ဘယက်နဲ့ ပေရွက်လိပ် နားတောင်းဆင်’’ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Mi MI Khine

ထွန်းအိန္ဒြာဗိုကလည်း သားဖြစ်သူ အောင်ဗိုကောင်းသန့် ကို ဆုံးမသွန်သင်ပေးလေ့ရှိတဲ့အကြောင်းတွေလည်း ပြောပြခဲ့ပါတယ်။ သားလေးက အခုမှ ၁၃ နှစ်သာရှိပါသေးတယ်တဲ့။

‘’ သူက ၁၃ နှစ်ပြည့်တာ လပိုင်းလေးပဲရှိသေးတာဆိုတော့ တကယ်တမ်းစဉ်းစားရင် ကလေးပဲ ရှိသေးတာပေါ့။ ကြည့်တော့သာ ထွားနေတော့ နည်းနည်း ကြီးသလို ဖြစ်နေတာ တကယ်တမ်းကျတော့ သူ့အတွေး၊ သူ့အသိတွေက ၁၃ နှစ်နဲ့ တန်တဲ့ ကလေးအရွယ်ပဲရှိမှာပါ။ ကျွန်မတို့လည်း သူ့အရွယ်နဲ့သူ ထိုက်တန်တဲ့ ဆုံးမစကားလေးတွေ ပြောရတာပေါ့။ ’’ လို့ သူကဆိုပါတယ်။

Photo: Pee Tar

ထွန်းအိန္ဒြာဗိုဟာ သရုပ်ဆောင်လောကမှာ အောင်မြင်ရုံသာမက အဆိုတော်အဖြစ်လည်း အောင်မြင်သူတစ်ေ ယာက် ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ကြေးစားနှလုံးသားဆိုတဲ့ ဗီဒီယိုကားနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ မင်းအတွက်ပဲဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိခဲ့ပါတယ်။

သူမဟာ နှောင်းတမြေ့မြေ့၊ အမေ့နို့ဘိုး၊ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ စတဲ့ ရုပ်ရှင်ကားတွေနဲ့ အကယ်ဒမီဆုတွေ ရရှိခဲ့သူပါ။ အကယ်ဒမီ သုံးဆုရှင် ထွန်းအိန္ဒြာဗိုဟာ ခင်ပွန်းဖြစ်သူ ဦးအောင်မင်းထွန်း၊ သား အောင်ဗိုလ်ကောင်းသန့်တို့နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က