ပရိသတ်တွေကို အကန့်အသတ်နဲ့ ဖိတ်ထားပါတယ်တဲ့။

နန်းဆုရတီစိုးက သူမရဲ့ မွေးနေ့မှာ We Love တွေကြိုက်တဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်ကျွေးမယ်လို့ ဆိုပါတယ်။ မကြာခင် ကျရောက်တော့မယ့် မွေးနေ့ အစီအစဉ်လေးတွေကိုလည်း သူက ပြောပြလာပါတယ်။

Photo: RBV



နန်းဆုရတီစိုး ကတော့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့ကိုတော့ We Love တွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းသွားမယ်လို့ဆိုပါတယ်။ အစီအစဉ်ကောင်းလေးတွေရှိတယ်လို့ မီဒီယာ တွေရဲ့ အင်တာဗျူးကနေပြောပြလာပါတယ်။

‘’ ဒီနှစ်မွေးနေ့မှာတော့ နန်းဆုရဲ့ We Love တွေကို အိမ်အလည်ခေါ်ပြီး ခြံထဲမှာ Party လုပ်ရင်းနဲ့ ဖြတ်သန်းပါမယ်။ အိမ်မှာ ဟင်းအတူတူချက်စားကြတာမျိုးတွေ၊ မုန့်တွေ လုပ်စားကြတာမျိုးတွေ၊ သီချင်းအတူတူဆိုတာမျိုးတွေပေါ့နော်။ ရင်းရင်းနှီးနှီးဖြတ်သန်းချင်တဲ့အတွက်ကြောင့်မို့လို့ ဒီနှစ်မွေးနေ့ကို ဒီအတိုင်းလေး စီစဉ်ဖြစ်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Nan Su Yati Soe

အိမ်နဲ့ ခြံထဲမှာ လုပ်မယ့် မွေးနေ့ပွဲလေးမှာ လူဦးရေ ကန့်သတ်ထားတယ်လို့ နန်းဆုရတီစိုးက ပြောပါတယ်။ ဒါကြောင့် တက်ရောက်ခွင့်မရတဲ့ ပရိသတ်တွေကိုလည်း တောင်းပန်စကားဆိုလာပါတယ်။

‘’ နန်းဆုက အိမ်မှာ လုပ်မှာဖြစ်တဲ့အတွက် ပရိသတ်အားလုံးကို အကောင့်ကပဲဖြစ်စေ၊ Page ကပဲဖြစ်စေ မကြေညာခဲ့နိုင်ဘူးပေါ့နော်။ Group ထဲမှာပဲ Live လေးလွှင့်ပြီးပြောပြီးတော့ ပထမဦးဆုံးလာပြီးပြောကြတဲ့ ပရိသတ် အယောက် ၃၀၊ ၄၀ လောက်ကိုပဲ ဖိတ်လို့ရခဲ့တယ်ပေါ့နော်။ ခြံထဲမှာ၊ အိမ်ထဲမှာဖြစ်တဲ့အတွက် အကန့်အသတ်လေး လုပ်ဖြစ်သွားတာပါ။ နောက်နှစ်တွေမှာတော့ ဒီ့ထက်များတဲ့လူတွေနဲ့တွေ့နိုင်အောင် ကြိုးစားပါ့မယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့က StreetWear Attire Fashion show ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nan Su Yati Soe

အကန့်အသတ်နဲ့ ဖိတ်ကြားခဲ့တဲ့ ပရိသတ်တွေကို နန်းဆုက သူကိုယ်တိုင် စားစရာလေးတွေ ချက်ကျွေးမယ်လို့ ပြောပါတယ်။ အမြဲတမ်း မီးဖိုချောင်ဝင် ဟင်းချက်တတ်တဲ့ သူမအတွက်တော့ ပရိသတ်တွေနဲ့ အတူတူ ချက်ရမှာဆိုတော့ ပျော်စရာကောင်းနေဦးမှာပါ။

‘’ နန်းဆုက အိမ်မှာ ဟင်း တစ်ချိန်လုံးချက်နေတာ တွေ့တော့ ဟင်းချက်ကျွေးပါဆိုပြီးတော့ အမြဲတမ်းလာပြောထားတာတွေရှိတော့ သူတို့ကို အရမ်းချက်ကျွေးချင်တာက စေတနာပေါ့နော်။ သူတို့ ကြိုက်တဲ့ အစားအစာလေးတွေ ချက်ကျွေးဖို့ စဉ်းစားထားပါတယ်။ ပြီးတော့ အသုပ်စုံတို့၊ ဝက်သားတုတ်ထိုးတို့၊ မုန့်ပြားသလပ် တို့တွေ ပါမှာပါ။ ဟင်းချက်တာကတော့ ကျွမ်းကျင်အဆင့်မဟုတ်ပါဘူး။ ဒါပေမယ့် စေတနာလေးထည့်ပြီးတော့ ချက်တာဖြစ်တဲ့အတွက် စားရတဲ့လူတိုင်းကတော့ အရမ်းစားကောင်း တယ်လို့တော့ ဖြစ်ကြပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: A Linn Young

နန်းဆုရတီစိုးကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက် အဖြစ် စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပြီး အချစ်သီချင်း ချိုချိုလေးတွေ သီဆိုလာတာ တွေ့ရပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ နန်းဆုရဲ့ အနုပညာအလုပ်တွေတိုင်းကို အမြဲ အားပေးနေကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုရတီစိုးဟာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က