Photo: Nyi Nyi Maung Fb
မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း)ရဲ့ မွေးနေ့ကတော့ ဇွန်လ ၃၀ ရက်နေ့ဖြစ်ပါတယ်။ မွေးနေ့ရက်မတိုင်ခင် ဇွန်လ ၂၈ ရက်နေ့(ဒီနေ့) မနက်ပိုင်း က ကျိုက်ဝိုင်းလူငယ်မသန်စွမ်း ပရဟိတသင်တန်းကျောင်း မှာ မွေးနေ့အကြိုအဖြစ် အလှူအတန်းတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
''မွေးနေ့အကြို မသန်စွမ်း ကလေးများကျောင်းအလှူပါ။ ဝတ်စုံ လှလှလေး ဆင်ပေးတာကျေးဇူးပါ။ မသန်စွမ်းမှ ဆရာမများ ကျေးဇူးပါ။ မိသားစု ဝင်များ သု တပည့်တွေ သူငယ်ချင်းများ ကျေးဇူးအထူးပါ'' ဆိုပြိးတော့ ဇွန်လ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။
Photo: Nyi Nyi Maung Fb
ကင်ဆာလူနာများအတွက် နေ့လည်စာအလှူလုပ်ခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)
ညီညီမောင်(စမ်းချောင်း) ဟာ သူ့ရဲ့ မွေးနေ့မှာလည်း ကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ဖို့ စီစဉ်ထားသေးတယ်လို့ ဆိုပါတယ်။
'' မွေးနေ့မှာ တော့ ဘုရားတက်မယ်၊ ဘုန်းကြီးကျောင်းမှာ အလှူလုပ်မယ်။ ညဘက်ကျရင်တော့ ရွှေတိဂုံဘုရားမှာ ဆီမီးပူဇော်ပါမယ်။ Dinner ကတော့ ဇူလိုင် ၂ ရက်နေ့မှာ လုပ်ဖြစ်မယ်'' ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့က ပထမဆုံးအကြိမ် Fan Meeting ပွဲကို တက်ရောက်လာရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ ညီညီမောင်(စမ်းချောင်း)ဟာ အခုလက်ရှိမှာလည်း သုဝဏ္ဏသျှံဆိုတဲ့ ပရဟိတ ဖောင်ဒေးရှင်းကို ခင်မင်တဲ့ အနုပညာရှင်တွေနဲ့ ပေါင်းပြီး ဖွဲ့စည်းထားပါသေးတယ်။
Photo: Nyi Nyi Maung Fb
ညီညီမောင်(စမ်းချောင်း) ဟာ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ချစ်စရာကောင်းတဲ့ ဗီဒီယို လေးတွေ၊ အလှဓာတ်ပုံလေးတွေ တင်တတ်တဲ့ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေက အများအပြားရှိနေပါတယ်။