မယ်လိုဒီဟာ သူ့ရဲ့ မွေးနေ့ လ အစမှာပဲ ပထမဆုံးအလှူအဖြစ် မိသားစုနဲ့ အတူ မရှိခဏဆရာတော်ထံမှာ ကောင်းမှုကုသိုလ်တွေ ပြုခဲ့တယ် လို့ ဆိုပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ သူ့ရဲ့ အသက် ၃၆ နှစ်ပြည့်တော့မှာပါ။
Photo: Melody Facebook
သရုပ်ဆောင်မယ်လိုဒီဟာ သူ့ရဲ့ မွေးနေ့လ အစမှာ မိသားစုနဲ့ အတူ ပထမဆုံးအကြိမ် အဖြစ် အလှူအတန်းတွေလုပ်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ စက်တင်ဘာလ ၆ ရက်နေ့ ဆိုရင် အသက် ၃၆ နှစ်ပြည့်တော့မှာ ပါ။ မွေးနေ့မတိုင်ခင်မှာလည်း လက်ဆောင်တွေ ကြိုရလို့ ပျော် နေတယ်လု့ိလည်း သူကပျော်ရွှင်နေပါသေးတယ်။
'' အသက် ၃၆ နှစ်ပြည့် ပထမဦးဆုံးအလှူ မရှိခဏဆရာတော်ကို နဝကမ အလှူတော်ငွေ ၃သိန်းကျပ် ကပ်လှူခဲ့ပါတယ်ရှင်။ နတ်၊ လူ၊ သာဓု ခေါ်နိုင်ကြပါစေရှင်။ ပြုသမျှကုသိုလ် ထပ်တူရကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုရာ ဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လည် ၁နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Melody Facebook
မယ်လိုဒီကတော့ ပိုက်ဆံအိတ်၊ ဖိနပ် နဲ့ မုန့်တွေကို သူ့ရဲ့ သူငယ်ချင်းဆီက မွေးနေ့အကြိုလက်ဆောင်အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ အခု လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေတဲ့အပြင် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ နေကြာစေ့လည်း ရောင်းနေတာ ဖြစ်ပါတယ်။ ရောင်း လို့ ရတဲ့ ပိုက်ဆံတွေကိုလည်း သူ့ရဲ့ မွေးနေ့မှာ အလှူလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ဖူးပါ တယ်။
Photo: Melody Facebook
မွေးနေ့ကို အလှူလုပ်ရင်း ဖြတ်သန်းမယ့် မယ်လိုဒီ
အသက် ၃၅ နှစ်ပြည့် မွေးနေ့တုန်းကလည်း မယ်လိုဒီက ပြင်ဦးလွင်မှာ ရှိတဲ့ ဓမ္မသဟာယ သာသနာ့စင်တာမှာ တစ်နေ့လုံးစာ အာဟာရ အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရေဘေး ဒဏ်ဖြစ်နေတဲ့ ပြည်သူတွေအတွက်ကိုလည်း ထပ်မံ လှူဒါန်းသွားဦးမယ်လို့ သိရပါတယ်။
Photo: Melody Facebook
မယ်လိုဒီ့မှာတော့ သစ္စာရှိပြီး အလုပ်ကြိုးစားတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သားလေးရယ် ပိုင်ဆိုင်ထားပါတယ်။ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။