Myanmar Idol Season 3 ကနေ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ အဆိုတော်မလေး နီလန်းက ပရိသတ်တွေရဲ့ မွေးနေ့ surprise ကြောင့် ရူးမတတ် ပျော်ခဲ့ရပါတယ်။ ပရိသတ်တွေက သူမကို မွေးနေ့လက်ဆောင်အဖြစ် ပြိုင်ကားတစ်စီးပေးခဲ့တာပါ။
Photo : နီလန်း FB
အဆိုတော်နီလန်းက ပရိသတ်တွေရဲ့ မွေးနေ့ Surprise ကြောင့် ရူးမတတ် ပျော်ခဲ့ရပါတယ်။ နီလန်းဟာ ဇန်နဝါရီ(၂၅) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့ကို ချစ်ရတဲ့သူတွေနဲ့အတူ ဖြတ်သန်းခဲ့သလို ပရိသတ်တွေဆီကလည်း မမျှော်လင့်တဲ့ မွေးနေ့လက်ဆောင်တစ်ခုကို ရရှိလိုက်ပါတယ်။ နီလန်းရဲ့ မွေးနေ့မှာ သူမရဲ့ အမာခံပရိသတ်တွေက မွေးနေ့လက်ဆောင်အဖြစ် ပြိုင်ကားတစ်စီးနဲ့ မွေးနေ့ Surprise လုပ်ခဲ့တာပါ။
ပရိသတ်တွေပေးတဲ့ ပြိုင်ကားလေး Photo : နီလန်း FB
“အိပ်မက်လား? တကယ်လား? Nilen မွေးနေ့လက်ဆောင်အတွက် အမာခံပရိတ်သတ်တွေရဲ့ Birthday Surprise ရူးချင်တယ်တကယ် ပျော်လွန်းလို့ပါ ဘာပြောရမှန်းတောင်မသိတော့ပါဘူး အားလုံးကို မပြောပြတတ်အောင် ကျေးဇူးတင်ပါတယ်နော်။
Nilen ပြိုင်ကားလေးတစ်စီးပိုင်ဆိုင်ဖူးပြီ ? အပျော်ဆုံးနေ့ပါ။ God Bless You All ❤️ မွေးနေ့ဆုတောင်းပေးတဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့် အားလုံးကိုချစ်တယ်” ဆိုပြီး နီလန်းရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၂၅) ရက်နေ့က ရေးသားထားတာပါ။
Shwe FM ပွဲမှာ Rဇာနည်နဲ့ သီချင်းအတူတူတွဲဆိုခဲ့ပုံ Photo : နီလန်း FB
မွေးနေ့လက်ဆောင်အဖြစ် ပြိုင်ကားတစ်စီး ပိုင်ဆိုင်သွားခဲ့တဲ့ နီလန်းတစ်ယောက် အရမ်းကို ပျော်နေသလို သူ့ရဲ့ သူငယ်ချင်းတွေကလည်း သူမအတွက်ဝမ်းသာလို့နေပါတယ်။ Myanmar Idol season 3 ပြိုင်ပွဲကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ တိုင်းရင်းသူလေး နီလန်းဟာ အခုဆိုရင် ဖျော်ဖြေပွဲတွေမှာ နာမည်ကြီး အဆိုတော်တွေနဲ့အတူ ပါဝင်ဖျော်ဖြေခွင့် ရရှိနေသူလည်း ဖြစ်ပါတယ်။
Photo : နီလန်း FB
သူမရဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။ နာမည်ကျော်အဆိုတော်တွေရဲ့ သီချင်းတချို့ကို Cover Song အနေနဲ့ ပြန်လည် သီဆိုထားတဲ့ နီလန်းရဲ့ ဗီဒီယိုလေးတွေကလည်း ပရိသတ်အားပေးမှု အများကြီးရခဲ့ပါသေးတယ်။ နီလန်းဟာ အဆိုတော်တစ်ယောက်မဖြစ်ခင် Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။