ဖေဖော်ဝါရီလ အတွင်းမှာ သူ့ရဲ့ မွေးနေ့ရှိပါတယ်။

အာဇာနည်က သူ့ရဲ့ မွေးနေ့ မတိုင်ခင်မှာ မိသားစုနဲ့အတူ အလှူအတန်းတွေလုပ်ရင်း အဓိဌာန်ဝင် ကုသိုလ်ယူမယ်လို့ ဆိုပါတယ်။ သူတို့ မိသားစုလေးဟာ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

Photo: အာဇာနည်

အဆိုတော်အာဇာနည်က ဖေဖော်ဝါရီလ အတွင်းမှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မတိုင်ခင်မှာ အလှူအတန်းတွေလုပ်ပြီး အဓိဌာန် ၉ ရက်ဝင်မယ်လို့ သိရပါတယ်။ အလှူအတန်းတွေကိုတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အောင်ဇဗ္ဗူတောရ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တာပါ။

‘’ ဖေဖေါ်ဝါရီ ၁ ရက်ကနေစပြီး ၉ ရက် အဓိဌာန် ငါးပါးသီလနဲ့ သရဏဂုံ ဆောက်တည် ပြီး မွေးနေ့အကြို စတုဒီသာ ကျွေးပြီး ဘုန်ကြီးနေ့ဆွမ်း ကပ်လှူပါတယ်’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၇ နာရီ ၁၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: အာဇာနည်

အဆိုတော် အာဇာနည်ကတော့ အခုလက်ရှိမှာ ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး ဖျော်ဖြေရေးတွေ သီဆိုနေတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ တစ်ကိုယ်တော် တေးစီးရီးအသစ်ဖြစ်တဲ့ ကမ္ဘာသား တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ မကြာခဏ ဆိုသလို မိသားစုလိုက် အလှူအတန်းတွေ လုပ်ဖြစ်ကြတာကိုလည်း တွေ့ရပါတယ်။

Photo: အာဇာနည်

သရုပ်ဆောင် ဝမ်းကိုတော့ Music Video တွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားမှုကတော့ အရပ်မြင့်ပြီး ရှည်လျား လှပတဲ့ ဆံပင်လေးတွေပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဖက်ရှင်ပုံစံလေးတွေကလည်း ရိုးရိုးလေးနဲ့ လှတာကြောင့် ပရိသတ် တွေရဲ့ အချစ်ကို ပိုပြီး ပိုင်ဆိုင်ထားပါတယ်။ အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်တော့ပေမယ့်လည်း ဒီနေ့ အချိန်ထိ ပရိသတ်တွေ အားပေးနေတုန်းပါပဲ။

Photo: အာဇာနည်

အဆိုတော် အာဇာနည်ဟာ ချစ်သူ ဝမ်းနဲ့ လက်တွဲခဲ့ပြီး အခုဆိုရင် အိမ်ထောင်သက် ၁၅ နှစ်ပြည့်ပြီးလို့၁၆ နှစ်ထဲကို ရောက်ရှိနေပါပြီ။ အခုဆိုရင် သား ၂ ယောက် တောင် ထွန်းကားနေပြီဖြစ်ပြီးသားကြီး ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည်က အသက် ၉ နှစ်ရှိပြီဖြစ်ပြီး တတိယတန်း တက်ရောက်နေပြီလို့သိရပါ တယ်။ သားငယ်လေး ချစ်ချစ်တုန်ကတော့ ၁ နှစ်ကျော် အရွယ်ရောက်ရှိနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က