သူမက မွေးနေ့က (၂၇) ရက်နေ့ပါ။
မေလ(၂၇) ရက်နေ့က အေးသောင်းရဲ့မွေးနေ့ပါ။ အေးသောင်းကတော့ မွေးနေ့မရောက်ခင်ကတည်းက အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

Photo : အေးသောင်း

သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ဖေဖေ ပြုလုပ်ပေးတဲ့ မွေးနေ့အလှူတွေကြောင့် ပျော်လို့နေပါတယ်။ ဒီနေ့မှာ သူမရဲ့ မွေးနေ့အလှူအတွက် ပဲခူးက ဘုရားကျောင်းမှာ မယ်တော်ဆင်းတုလေး လှူပေးခဲ့တယ်တဲ့။

တနင်္ဂနွေနေ့ ဖေဖေက မွေးနေ့အတွက်ရည်စူးပြီး ပဲခူးကဘုရားကျောင်းမှာ မယ်တော်ဆင်းတုလေးလှူပေးပါတယ်။ ပြီးတော့ ဘုရားကျောင်းသူတွေအတွက်နေ့လည်စာလည်းကျွေးခဲ့ပါတယ်ရှင့်။ မွေးနေ့ကတော့မနက်ဖြန်မှပါ။ ညနေကျရင် ကျောင်းသုံးပစ္စည်းလေးတွေထပ်လှူဖို့ရှိပါသေးတယ်ရှင့်” ဆိုပြီး မေလ(၂၆) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : အေးသောင်း

သရုပ်ဆောင် အေးဝတ်ရည်သောင်းက မေလ ၂၄ ရက်နေ့က ‘’ရွှေရောင်နှလုံးသား’’ဆိုတဲ့ ခွေးဂေဟာမှာ ခွေးလေးတွေအတွက် အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူအတွက် သူမ ရင်ထဲက ပီတိစကားကိုလည်း အခုလို ပြောပြလာပါတယ်။

‘’လူတွေအကြောင်းသိလေ ခွေးလေးတွေနဲ့ သဘာဝပါတ်ဝန်းကျင်ကိုပိုချစ်တတ်လေ တဲ့။ ဒါ့တွေကြောင့် ဒီ ရွှေရောင်နှလုံးသား မှာ လှူ ဖြစ်ခဲ့တယ်။ အလှူခံ ၁၄ မျိုးထဲမှာ ခွေးလေးတွေလည်းပါတယ် လို့လည်းဖတ်ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ်တတ်နိုင်တဲ့ အလှူ လးတွေ ဆက်လုပ်သွားမယ်။ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းချင်တယ်။ ၂၅.မေ.၂၀၁၉’’ ဆိုပြီးတော့ မေလ ၂၅ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo : အေးသောင်း

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က