သရုပ်ဆောင်အကယ်ဒမီစိုးမြတ်သူဇာဟာ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ မနက်စောစောပိုင်းမှာ အလှူ အတန်းတွေ လုပ်ဖြစ်နေတာဖြစ်ပါတယ်။ ချစ်ရတဲ့ မကြီးစိုးအတွက် စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မတွေက မွေးနေ့ ဆုတောင်းစကားဆိုထားပါ သေးတယ်။
Photo: Joe Joe Facebook
သြဂုတ်လ ၃၁ ရက်နေ့ ဒီနေ့ကတော့ သရုပ်ဆောင်အကယ်ဒမီ စိုးမြတ်သူဇာရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ မနက်စောစော ပိုင်းမှာ လည်း သံဃာတော်တွေနဲ့ သီလရှင်တွေအတွက် အာရုံဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့ အမှတ်တရ ဆုတောင်း စကား တွေကိုလည်း သူချစ်ရတဲ့ ညီမလေးတွေက ပြောပြခဲ့ပါသေးတယ်။
''နှစ်စဉ် နှစ်တိုင်း မပျက်မကွက် လှူနေကြ မနက်အာရုံဆွမ်း ကုသိုလ် အလှူတော် '' ဆိုပြီးတော့ အကယ်ဒမီစိုးမြတ်သူဇာနဲ့ အတူ သူ့ရဲ့မိတ်ကပ် ဆရာများက အလှူအတန်းတွေ လုပ်ခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို သြဂုတ်လ ၃၁ ရက်နေ့ မနက် ၄ နာရီက Joe Joe ဆိုတဲ့ Facebok Account ကနေ Soe Myat Thuzar ကို Tag တွဲပြီး တင်ခဲ့တာဖြစ်ပါတယ်။
Photo: Joe Joe Facebook
ပရိသတ်တွေကလည်း ချစ်ကြတယ်၊ ညီအစ်မတွေ အားလုံးကလည်း လေးစားချစ်ခင်ရတဲ့ အကယ်ဒမီ စိုးမြတ်သူဇာရဲ့ မွေးနေ့ အမှတ်တရ အဖြစ် အဆိုတော် စန္ဒီမြင့်လွင်ကလည်း မွေးနေ့ဆုတောင်း စကားဆိုခဲ့ပါတယ်။
'' Happy birthday သမီးတို့ရဲ့မကြီး အားလုံးရဲ့မကြီး အမြဲတမ်းလမ်းမှန်ရောက်အောင်လမ်းညွှန်ပေးတဲ့မကြီး အမြဲစိတ်ချမ်းသာ ကိုယ် ချမ်းသာနဲ့ပျော်ရွှင်ပါစေလို'' ဆိုပြီးတော့ စန္ဒီမြင့်လွင်က သြဂုတ်လ ၃၁ ရက်နေ့ မနက် ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် မွေးနေ့ ဆု တောင်းပေးခဲ့ပါတယ်။
Photo: Joe Joe Facebook
သီချင်းတိုက်နေကြတဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မတစ်စု
အဲ့ဒီနောက် ညီမအငယ်ဆုံးလေးဖြစ်တဲ့ စိုးပြည့်သဇင်ကလည်း ဇာတ်ကားရိုက်ကူးရေးကြောင့် နယ်ကို ရောက်နေပေမယ့် ချစ်ရတဲ့ မကြီးစိုးမြတ်သူဇာ အတွက်မွေးနေ့ဆုတောင်းစကား ဆိုထားပါသေးတယ်။ အမြဲတမ်း အလိုလိုက်တဲ့ အစ်မကြီးတစ်ယောက်ဖြစ်တဲ့ အကြောင်း ကိုလည်း သြဂုတ်လ ၃၁ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။
'' Happy birthday မကြီး၊ သမီးတို့ချစ်ရဲ့တဲ့မကြီး ဒီနေ့ကျရောက်တဲ့မွေးနေ့မှစပြီးနောက်နှစ်ပေါင်းများစွာတိုင် နေ့ရက်တိုင်း ပျော်ရွှင် ချမ်းမြေ့စွာနဲ့ဖြတ်သန်းရပါစေ၊ မိသားစုနဲ့လည်းအမြဲပျော်ရွှင်ပြီးလိုရာမှန်သမျှပြည့်စုံပါစေနော်၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့ အမြင့်ဆုံးနိဗ္ဗာန်ချမ်းသာကိုလည်းရရှိပါစေ။ ညီမလေးတွေကိုလည်းအလိုလိုက်မုန့်ဖိုးပေးနိုင်ပါစေနော်'' လို့ ဆုတောင်းပေးထားပါတယ်။
Photo: Joe Joe Facebook
သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့ဟာ သရုပ်ဆောင်ဘက်မှာ ထူးချွန်ပြီး အကယ်ဒမီဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ တွေဖြစ်ကြ ပါတယ်။ အဲ့ဒီနောက် စိုးပြည့်သဇင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ပြီး ဂီတဘက် မှာလည်း အောင်မြင်မှုရရှိထားပါတယ်။ စန္ဒီမြင့်လွင်ကလည်း ဂီတလောကမှာ အမိုက်စားသီချင်းတွေနဲ့ အောင်မြင်နေသူပါ။