ခရစ္စတီးနားခီတစ်ယောက် မွေးနေ့မရောက်ခင် တစ်လအကြို Surprise တိုက်ခံလိုက်ရပါပြီ။ သူကိုယ်တိုင်ရိုက်ထားတဲ့ရုပ်ရှင်ကားကြီး ‘’ထာဝရနှောင်ကြိုး’’ကို မွေးနေ့မှာ ရုံတင်ဖို့ပြင်ဆင်နေပြီလို့ဆိုပါတယ်။
Photo: Christina
ဒါရိုက်တာ ခရစ္စတီးနားခီကတော့ အောက်တိုဘာလမှာ ကျရောက်မယ့် မွေးနေ့အတွက် စိတ်လှုပ်ရှားလို့နေပါတယ်။ မွေးနေ့ မတိုင်ခင် ကြိုပြီး Surprise လုပ်ခံလိုက်ရတဲ့အတွက်ကြောင့်လည်း ဝမ်းသာနေတယ်လို့ ဆိုပါတယ်။
‘’ရုံရှင်တချို့အစ်မတို့က ဘာလို့ အောက်တိုဘာမှ အောက်တိုဘာဖြစ်နေရတာလဲ အိနြေ္ဒ။ မ ခရစ္စကတော့ ဘယ်လိုစိတ်ရှိမယ်မသိဘူး။ အစ်မကတော့ အောက်တိုဘာလထဲမှာပြကိုပြချင်တယ်။ ဘာလို့လဲဆိုတော့ မခရစ္စမွေးနေ့ ရှိလို့။ ကြားကြားချင်း ဘာမှ ပြန်မပြောလိုက်ပေမယ့် ယောင်္ကျားကို ပြန်ပြောမိတယ်။ She is sooooo sweet လို့ Khin Eindere, Production designer ကလည်း အမမွေးနေ့မှာပြချင်တယ်လို့ မနေ့ကပြောလာတယ်’’ လို့ အစပျိုးရင်း စက်တင်ဘာလ ၇ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Christina
‘’ထာဝရနှောင်ကြိုး’’ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင် ရုံတင်ပြသနိုင်ဖို့အတွက်ကိုလည်း ခရစ္စတီးနားခီက ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
‘’ မွေးနေ့တွေ ဘယ်တုန်းကမှ အရေးမစိုက်ခဲ့ ပေမယ့်လည်း ကိုယ့်ကိုမွေးဖွားခဲ့တဲ့ အောက်တိုဘာလနဲ့ ယောင်္ကျား ရေးခဲ့တဲ့ Now&Ever ကိုတော့ kind of excited!! What do you all think?? P.S. Oct. 10th အထိ တခြား ရုပ်ရှင် ရုံရက်ထွက်ပြီးသာပါနော်’’ လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Christina
ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ ‘’ထာဝရနှောင်ကြိုး’’ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသနိုင်ဖို့အတွက် ဆင်ဆာကျပြီလို့ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဇဏ်ခီ၊ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီနောက် ခင်သဇင်၊ ဂျူးဂျူးကေ၊ မြင်စိုင်းသားအောင်အောင်၊ ရဲနောင်ချို၊ မင်းညို၊ ဇူးဇူးဟန်နီထွေးတို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားပါတယ်။
Photo: Christina
ခရစ္စတီးနားခီကိုတော့ ‘’ဥပါယ်တံမျဉ်’’ ရုပ်ရှင်ကားကြီးရဲ့ ပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုုဒြာရဲ့ ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက မြန်မာအက ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သူ တစ်ဦးဖြစ်ပါတယ်။