ပြီးမှ သမီးလေးနဲ့အတူ မွေးနေ့ပွဲလုပ်ပါမယ်တဲ့။

အေသင်ချိုဆွေက သူမရဲ့ မွေးနေ့မှာ အဓိဌာန်ဝင်ပါမယ်တဲ့။ အဓိဌာန်ပြီးမှသာ သမီးလေးနဲ့အတူ မွေးနေ့ပွဲလုပ်မယ်လို့ ပြောပါတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေဟာ သြဂုတ်လ ၁ ရက်နေ့ဆိုရင် သူမရဲ့ မွေးနေ့ရောက်ပြီလို့ဆိုပါတယ်။ မွေးနေ့မှာ အဓိဌာန်ဝင်ကုသိုလ်ယူမယ်လို့ သူကပြောပါတယ်။

‘’အောင်မလေး မွေးနေ့တောင် ရောက်တော့မှာပါလား။ ၁ ရက်နေ့ အဓိဌာန်ဝင်မည်ဖြစ်ပါကြောင်း၊ ဘာမှမလုပ်ပါ။ ၂၅ ရက်နေ့မှ ဗီးဗီးနဲ့ အတူတူ မွေးနေ့လုပ်ပါမယ်။ အဲ့ဒါလာပြောတာ! ဘိုင့်’’ ဆိုပြီးတော့ ဇူလိုင်လ ၃၀ ရက်နေ့ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း အခုကတည်းက မွေးနေ့အကြိုဆုတောင်းတွေ ပြောခဲ့ကြပါတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေ က အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်ကျော်ပါပြီ။ သမီးလေးဟာ မူကြိုတောင် တက်နေပါပြီ။ အရမ်းလည်တဲ့ ကလေးလေးဖြစ်တာကြောင့်လည်း အားလုံးက ဝိုင်းချစ်နေကြတာဖြစ်ပါတယ်။

အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကနေတဆင့် ဂီတလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူမကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သူမရဲ့ သီချင်းအသစ်တွေကိုလည်း မကြာခဏဆိုသလို အွန်လိုင်းပေါ်ကနေ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က