ကြည်နူးစရာလေး။

မေမြင့်မိုရ်က သူမရဲ့ မွေးနေ့လေးမှာ မိသားစုနဲ့အတူ အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒီနေ့မွေးနေ့လေးက သူမရဲ့ အသက်(၂၄)နှစ်ပြည့် မွေးနေ့လေး ဖြစ်ပါတယ်။

 

photo : မေမြင့်မိုရ်

သရုပ်ဆောင် မေမြင့်မိုရ်က ဒီနေ့(မေလ၁၁ရက်)မှာ အသက်(၂၄)နှစ်ပြည့်လို့သွားပါပြီ။ မွေးနေ့လေးမှာ သူမရဲ့ မိသားစု၊ ပရိသတ်တွေနဲ့အတူ မွေးနေ့အလှူတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့အလှူကို တာမွေမြို့နယ်မှာ ရှိတဲ့ မြနန္ဒာကမ္ဘာအေးကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ မွေးနေ့အတွက် မွေးနေ့ကိတ်တွေနဲ့ လက်ဆောင်ပြင်ဆင်ပေးခဲ့တာ တွေ့ရပါတယ်။

photo : မေမြင့်မိုရ်

မွေးနေ့လေးကို ချစ်ရတဲ့သူတွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ခွင့်ရလို့ သူမမှာ ပျော်လို့နေပါတယ်။သူမရဲ့ မွေးနေ့လေးမှာလည်း သူမဖြစ်ချင်တဲ့ အရာလေးတစ်ခုကို ပြောထားတာတွေ့ရပါတယ်။

“Happy Birthday To Me May 11 အသက်တစ်နှစ်ကြီးပြန်ပြီ ရောက်လာတဲ့အသက်အရွယ်မှာဘဝအတွက်တန်ဖိုးရှိတဲ့အရာတွေကိုပဲလုပ်ဆောင်ချင်တယ် ကိုယ့်ကိုအလေးထားပြီးချစ်တဲ့သူတွေအတွက်ပဲရှိနေချင်တယ်” ဆိုပြီး မေလ(၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

photo : မေမြင့်မိုရ်

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

က္က