မကြာခင်ကျရောက်တော့မှာဖြစ်ပါတယ်.

ခေးဆက်သွင်က မကြာခင် ကျရောက်တော့မယ့် မွေးနေ့မှာ အလှူအတန်းတွေလုပ်သွားချင်တယ်လို့ ဆိုပါတယ်. သူမက လက်ရှိမှာ ရုပ်သံဇာတ်တလမ်းတွဲ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေရသူဖြစ်ပါတယ်.

Photo: ခေးဆက်သွင်

သရုပ်ဆောင် ခေးဆက်သွင်က ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်. မကြာခင်မှာ ကျရောက်တော့ မယ့် သူမရဲ့ မွေးနေ့မှာလည်း အလှူအတန်းတွေ လုပ်ဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်.

'' မွေးနေ့မှာ ရဟန်းခံရှင်ပြု အပါး(၃၀)စာနဲ့အကျွေးအမွေးအလှူကြီးလုပ်မယ်လို့ ရည်ရွယ်ထားတာ အလုပ်တွေကိုတောက်လျှောက် ဝင်ပါရော'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပါတယ်. သူ့ရဲ့ အလှူဒါန စိတ်ဓာတ်လေး ကြောင့် ပရိသတ်တွေကလည်း သာဓုခေါ်ဆိုခဲ့ကြပါတယ်.

Photo: ခေးဆက်သွင်

ခေးဆက်သွင်ကိုတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေအားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ဝါရင့်စီနီယာကြီးတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်လာရတဲ့ တစ်လျှောက် အနုပညာအရည်အသွေးတွေလည်း ပိုတိုးတက်လာလို့ အခုဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အရင်ကထက် ပိုင်ဆိုင်နေရပါပြီ။

Photo: ခေးဆက်သွင်

သရုပ်ဆောင်ခေးဆက်သွင် ဟာ ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးတစ်ယောက်ပါ။ သူ့အနေနဲ့ ဇာတ်လမ်းတွဲတွေရိုက်လာရပေမယ့်လို့ ကာရိုက်တာရွေးချယ်ပိုင်ခွင့်မရှိသေးဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ခေး တို့ကရွေးချယ်ပိုင်ခွင့်မရှိဘူး ကိုယ့်ကိုရွေးချယ်တာ ကိုယ်က ဒီကာရိုက်တာနဲ့လိုက်ဖက်တယ်လို့ထင်တဲ့နေရာမှာ လေ့ကျင့်လို့ရတယ်ဆိုရင်၊ တကယ်လို့ တကယ်လိုက်ဖက်တယ် အားလုံး အစစအရာရာပြည့်စုံတယ်ဆိုတော့မှ ခေးတို့က ပါဝင်ခွင့်ရတာ ခေးတို့မှာက ရွေးချယ်ပိုင်ခွင့်ဆိုတာ မရှိသေးပါဘူး'' လို့ သူကဆိုပါတယ်။

Photo: ခေးဆက်သွင်

သူ့ကိုတော့ ဇာတ်လမ်းတွဲ မင်းသမီးတစ်ယောက်လို့တောင် ပရိသတ်တွေက တင်စားခေါ်ဝေါ်ထားကြပါတယ်။ တက်သစ်စအနုပညာရှင်တစ် ယောက်ဖြစ်ပေမယ့် ပေးလာတဲ့ ကာရိုက်တာတိုင်းအပေါ် ကြိုးကြိုးစားစား သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်ချစ် အနုပညာရှင် တစ်ယောက် ဖြစ်လို့လာပါပြီ။

Share

Loading Next Article...
က္က