စက်တင်ဘာလ ၁၇ ရက်နေ့ဆိုရင် ပိုင်တံခွန်မွေးနေ့ပါ။

ပိုင်တံခွန်တစ်ယောက် သူ့ရဲ့ ၂၂ နှစ်ပြည့်မွေးနေ့မှာ မော်လမြိုင်မြို့က ဘုရားတွေ ဖူးချင်တယ်လို့ ဆိုပါတယ်။ မော်လမြိုင်က ပရိသတ်တွေ နဲ့ ဆုံချင်တယ်လို့လည်း ဆက်လက်ပြောပြထားပါတယ်။



Photo: ပိုင်တံခွန်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ပိုင်တံခွန်က စက်တင်ဘာလ ၁၇  ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာ မော်လမြိုင်မှာရှိတဲ့ ဘုရားတွေဖူးချင်တယ်လို့ ဆိုပါတယ်။ မော်လမြိုင်မြို့မှာ သူ့ရဲ့ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားဖို့ စိတ်ကူးယဉ်ထားတဲ့ အကြောင်းလေးတွေကိုလည်း အခုလို ရေးသားခဲ့ပါသေးတယ်။

'' Sep 17 ဆိုရင် ကျနော့် အသက် ၂၂ နှစ်ပြည့်ပြန်ပြီ။ ဒီနှစ်တော့ တစ်ခါမှ မရောက်ဖူးဘဲ နီးရက်ဝေးနေတဲ့ မော်လမြိုင် မြို့ကို အပျော်ခရီး ၃ ရက် လောက် ထွက်ဖြစ်မယ်ဗျာ။ မော်လမြိုင်မြို့ထဲ လျှောက်သွား၊ လျှောက်စား၊ ညနေကမ်းနားလမ်းထိုင် နဲ့ တကယ်ပျော်ဖို့ကောင်းမှာ'' လို့ ဆိုပါ တယ်။

Photo: ပိုင်တံခွန်ဖေ့စ်ဘွတ်

 

မကြာခင်မှာ ကျရောက်တော့မယ့် သူ့ရဲ့ မွေးနေ့အတွက် အမှတ်တရ နောက်တစ်ခုအနေနဲ့ မော်လမြိုင်မှာရှိတဲ့ ပရိသတ်တွေနဲ့လည်း တွေ့ဆုံဖို့ ဆန္ဒရှိတဲ့အကြောင်းပြောပြလာပါတယ်။

''ပြီးတော့ မော်လမြိုင် နဲ့ ဘားအံ မှာ ကျွန်တော် ဖူးချင်နေတဲ့ ဘုရားတွေ အများကြီးရှိလို့ပါ။ အဆင်ပြေရင် ကျွန်တော်ပရိတ်သတ်တွေ နဲ့ လည်း တွေ့ ဆုံချင်ပါတယ်'' ဆိုပြီးတော့ ပိုင်တံခွန်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီက ရေးသားခဲ့တာဖြစ်ပါတယ်။ မော်လမြိုင်က ပရိသတ်တွေ ကြိုဖို့အသင့်ဖြစ်ပြီလား။

သူများဘဝတွေကို ကိုယ့်ဘဝနဲ့ယှဉ်ပြီး အမြဲတွေးတယ်ဆိုတဲ့ ပိုင်တံခွန် 

Photo: ပိုင်တံခွန်ဖေ့စ်ဘွတ်

 

ပိုင်တံခွန်ဟာ မိန်းကလေးပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတဲ့ တက်သစ်စအမျိုးသား အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပိုင်တံခွန်တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။

Photo: ပိုင်တံခွန်ဖေ့စ်ဘွတ်

 

မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က