ဇန်နဝါရီလ ၂၅ ရက်နေ့ဆိုရင် မွေးနေ့ရောက်ပါပြီ။

နေခြည်ဦးက သူမရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့မှာ မယ်သီလရှင်ဝတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူမဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

Photo: Nay Chi Oo Fb



နေခြည်ဦးက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့အသက် ၂၇ နှစ်ပြည့် မွေးနေ့မှာ သီလရှင်ဝတ်ဖိ့ု စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမက တောင်ကြီးမှာ ရှိနေမှာပါတဲ့။

‘’ ရုပ်ရှင်ရိုက်နေရတာဆိုတော့ ကိုယ့်အချိန် ကိုယ်မပိုင်တော့ဘူးလေ။ နေခြည့်မွေးနေ့ ရောက်တော့မယ်နော်။ ဒီနှစ်မွေးနေ့လေးတောင် နေခြည် "ကိုယ်ပွား" ရုပ်ရှင် team နဲ့အတူ တောင်ကြီး မှာရှိနေရမှာ။ ဒီကားပြီးရင်တော့ မယ်သီလရှင်ဝတ်ဖို့ စီစဉ်ထားတယ်’’ လို့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ၄၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Nay Chi Oo Fb

နေခြည်ဦးဟာ မွေးနေ့အမှတ်တရ အနေနဲ့ သီလရှင်ဝတ်ဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြလာပါတယ်။ လက်ရှိမှာလည်း အကောင်းဆုံး ပြုမူနေထိုင်နေတယ်လို့ ဆိုပါတယ်။

‘’ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့အတွက် မိဘတွေလည်းရှိတုန်း ကျေးဇူးဆပ်ချင်တာရယ် အသက် ၂၇ ဆိုတော့ ဒါဘာသာရေးကိုပိုအချိန်ပေးဖို့တောင် နောက်ကျနေပြီလေ။ လူ့ဘဝဆိုတာ ခဏလေးပါ။အသက်ရှင်နေတုန်း အကောင်းဆုံးဘဲ ပြုမူနေထိုင်မယ်’’ လို့ ဆက်လက်ရေးသားထားတာတွေ့ရပါတယ်။

Photo: Nay Chi Oo Fb

နခြည်ဦးကိုတော့ ပရိသတ်တွေက Beauty Blogger မလေး တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမကို သရုပ်ဆောင်တစ်ယောက် အနေနဲ့ မြင်တွေ့နေရပါတယ်။ နေခြည်ဦးဟာ ‘’ရန်သူ’’ ရုပ်ရှင်ဇာတ်ကား၊ ‘’ ဧည့်သည်’’ ရုပ်ရှင်ဇာတ်ကား၊ ‘’ အောက်ဖဲ မလှန်ကြေး’’ ရုပ်ရှင်ဇာတ်ကားနဲ့ ‘’ ပုရိသ’’ ရုပ်ရှင်ဇာတ်ကားတို့ကို ရိုက်ကူးခဲ့ပြီးပါပြီ။

Photo: နေခြည်ဦး Fb

‘’ ရန်သူ’’ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသခဲ့ပြီးဖြစ်သလို ပရိသတ်အားပေးမှုတွေလည်း ရရှိခဲ့တဲ့ ဇာတ်ကားပါ။ လက်ရှိမှာတော့ နေခြည်ဦးက ဒါရိုက်တာမင်းဦး ရိုက်ကူးမယ့် ‘’ကိုယ်ပွား’’ ရုပ်ရှင်ဇာတ်ကားကို မင်းသားကျော်ထက်အောင်နဲ့ တွဲပြီး အဓိက သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က