လူမင်းက အသက် ၄၉ နှစ်ပြည့်မွေးနေ့မှာ ကိုလူချောများအတွက် ထောက်ပံ့ငွေနဲ့ အဝတ်အစားတွေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Photo: Amazing Grace
လူမင်းကတော့ မေလ ၇ ရက်နေ့မှာ ကျရောက်မယ့် အသက် ၄၉ နှစ်ပြည့် မွေးနေ့မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ ဒီအလှူမှာတော့ ကိုလူချော အဖွဲ့အတွက် အလှူငွေနဲ့အတူ အဝတ်အစားတွေကို လှူဒါန်းသွားမှာပါတဲ့။
‘’ ကိုလူမင်းမွေးနေ့'(7.5.2019 ) ကျရင်ပေးဖို့ကိုလူချောများအတွက်’’ ဆိုပြီးတော့ မေလ ၅ ရက်နေ့ မနက် ၁၀ နာရီခွဲကျော်က ဧရာဝတီလူမင်း ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် လှူမယ့် အဝတ်အစားတွေနဲ့ အလှူငွေတွေကိုလည်း မှတ်တမ်းတင် ဓာတ်ပုံနဲ့ တကွ တင်ခဲ့ပါသေးတယ်။
Photo: Lu Min
လူမင်းရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့တုန်းက မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ အလှူအတန်းတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဌ တာဝန် မထမ်းဆောင်တော့ပဲ အနုပညာအလုပ်ကိုသာ တစိုက်မတ်မတ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ကိုလည်း သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
Photo: LuMin
လူမင်းက ဇနီးဖြစ်သူ ခင်စံပယ်ဦးနဲ့ အိမ်ထောင်သက်တမ်း ၁၄ နှစ်ကျော် ၁၅ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံမှာတော့ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်း ဆိုတဲ့ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးနှစ်ယောက်ရှိပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့ မိသားစု ဘဝလေးကိုလည်း အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။
Photo: Amazing Grace
ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ကါတယ်။