ခင်ပွန်းက လှူချင်တဲ့နေရာတွေ အကုန်လုံးကို စီစဉ်ပေးတယ်တဲ့။

စက်တင်ဘာ(၂၉) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေ များစွာ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ ညပိုင်းမှာတော့ မိသားစုလေးနဲ့ Birthday Party လေးပြုလုပ်ခဲ့ပါသေးတယ်။

 

သရုပ်ဆောင် ချောရတနာကတော့ မွေးနေ့မှာ သူမလှူချင်တဲ့ နေရာတွေမှာ လှူဒါန်းခွင့်ရလို့ ပျော်လို့နေပါတယ်။သူမလှူချင်တဲ့ နေရာတွေကိုလည်း မွေးနေ့မတိုင်ခင်ကတည်းက ဆက်တိုက်ဆိုသလို လှူဒါန်းခွင့်ရအောင် စီစဉ်ပေးတဲ့ ခင်ပွန်းကြောင့်လည်း ချောရတနာတစ်ယောက် ပီတိဖြစ်လို့နေပါတယ်။

“မွေးနေ့မတိုင်ခင်ကိုတောက်လျှောက် ကိုယ်လှူချင်တာတွေသွားချင်တာတွေ အကုန်စီစဉ်ပေးခဲ့တယ် စပရိုက်မတိုက်တတ်တာမရိုတတ်တာလေးတစ်ခုပဲ ကျေးကျေးပါကျားကျား” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

သူမမွေးနေ့မှာ လိုအပ်တွေနေရာတွေမှာ သွားရောက်လှူဒါန်းခဲ့သလို ရန်ကင်းကလေးဆေးရုံမှာလည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ချောရတနာကတော့ လက်ရှိမှာ မိသားစုကို အချိန်ပေးဖြစ်နေပြီး သူမရဲ့ ခန္ဓာကိုယ်အတွက် gym ဆော့နေတယ်လို့ သိရပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကိုအတွက်လည်း သိသိသာသာ ဝိတ်ချနိုင်ခဲ့ပြီဖြစ်သလို သူမရဲ့ အခုလိုဝိတ်ချဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

‘’ အလုပ်ပြန်လုပ်ချင်တာ၊ မလုပ်ချင်တာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျှော့တယ်။ အဝတ်အစားဝတ်ရတာ လည်း အဆင်မပြေဘူး။ အဲဒီတော့ ဘယ်ပွဲမှလည်း မတက်ချင်ဘူးရှက်တယ်။ ဝလာတော့ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ လူက မောနေတယ်။ အဲဒါကို မကြိုက်တဲ့အတွက် အဓိက က ဝိတ်ချတာ ပေါ့နော်။ လှချင်တာကလည်း တစ်ကြောင်းပေါ့’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ပေါင် ၁၈၀ ကနေ ပေါင် ၁၃၅ အထိ ဝိတ်ချနိုင်ခဲ့တဲ့ အကြောင်းကိုလည်း ချောရတနာက ပြန်လည် မျှဝေခဲ့ပြန်ပါသေးတယ်။

‘’ သမီးလေး ကိုယ်ဝန်တုန်းက ပေါင် ၁၈၀၊ မွေးပြီးသွားတဲ့အချိန်မှာ ပေါင်ကျသွား လောက်ပြီထင်တာ ပြန်ချိန်လိုက်တော့ ၁၇၈ ပေါင်တဲ့။ ၂ ပေါင်လောက်ပဲကျသွားတော့ အရမ်းလန့်သွားတယ်။ ဒါပေမယ့် ကလေးက ငယ်သေးတော့ ဝိတ်ချလို့ကလည်း မရသေးဘူး။ ဒါပေမယ့် ၆ လကျော်လောက်မှာ အစားအသောက်တွေ ဆင်ခြင်ရင်းနဲ့ တစ်နှစ်ကျော်လောက်မှ ဝိတ်ချဖြစ်တာပါ။ အခုက ပေါင်၁၃၅ ဖြစ်သွားပြီ’’ ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ က ပြေတီဦးဖောင်ဒေးရှင်း ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အကျႌကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။



Share

Loading Next Article...
က္က