အောင်ရဲလင်းကတော့ ဒီနှစ်မှာ အသက် ၃၁ နှစ် ပြည့်သွားပါပြီ။ အသက်၃၁နှစ်ပြည့် မွေးနေ့မှာလည်း ဘုရားသွား ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။
ဇွန်လ(၁၉) ရက်နေ့က သရုပ်ဆောင် အောင်ရဲလင်းရဲ့ မွေးနေ့ပါ။ ဒီနှစ်မွေးနေ့မှာ အသက်(၃၁) နှစ်ပြည့်သွားပြီ ဖြစ်တဲ့ အောင်ရဲလင်းက ဘုရားသွားကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။
သူ့ရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ သူငယ်ချင်းတွေ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကား ပြောထားပါသေးတယ်။
“peaceful my full of 31st birthday (19.6.88 ) under the embrace of.." Lord Buddha " n all my thanks goes to the ones who wish for me I wish all of the people...to b healthy...wealthy n...happy” ဆိုပြီး ဇွန်လ(၁၉) ရက်နေ့က ညက ရေးသားထားပါတယ်။
အောင်ရဲလင်းက သူ့ကို မွေးနေ့ဆုတောင်းပေးထားတဲ့ သူတွေအားလုံးကိုလည်း ကျန်းမာ၊ချမ်းသာပြီး၊ ပျော်ရွှင်စေဖို့ပြန်ပြီး ဆုတောင်းပေးထားပါသေးတယ်။
အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေတဲ့အောင်ရဲလင်းရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိထားတဲ့ အခြေအနေပါ။ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး Duwun Media ရဲ့ အင်တာဗျူးမှာ ယခုလို ပြောပြခဲ့ဖူးပါတယ်။
သူဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့်လည်း သူ့ရဲ့ လက်တွဲဖော် ကောင်မလေးကိုတော့ သတ်မှတ်ချက် တွေထားပြီး ရွေးချယ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီအတွက်ကြောင့်လည်း ယောကျ်ားလေး တစ်ယောက်ရဲ့ ခံစားချက်တွေကို ဆက်လက် ပြောပြလာခဲ့ပါတယ်။
'' အစ်ကိုချစ်တယ်ဆိုရင် သူ့ဘာသာ ဆင်းရဲရဲ ချမ်းသာသာ ပိန်ပိန်၊ ဝဝ ဖြူဖြူ မဲမဲ အရေးမကြီးဘူး။ အဓိက က အစ်ကိုချစ်ဖို့လိုတယ်။ သူလည်း ကိုယ့်ကို ပြန်ချစ်ဖို့လိုတယ်။ အစ်ကို့ ဘက်ကလည်း Strong ဖြစ်အောင် ကြိုးစားဖို့လိုတယ်။ ချစ်တယ် ဆိုရင်တော့ သူ့ဘာသူ ဘာပဲဖြစ်ဖြစ် အစ်ကိုက ဂရုစိုက်မယ့် လူမျိုးမဟုတ်ဘူး'' လို့ သူကဆိုပါတယ်။
ချောမောခန့်ညားလွန်းတဲ့ပုံစံနဲ့ မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ မင်းသား အောင်ရဲလင်းက သူ့ကိုယ်သူတော့ ရင်ခုန်စရာကောင်းတဲ့ သူတစ်ယောက်လို့ မထင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောတတ်သူဖြစ်တာကြောင့် ရိုမန့်တစ် ဆန်တတ်တဲ့ လူမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ အချစ် ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေ ကြပါတယ်။
Share