သူမ အသက် ၂၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ်ပြည့်ပြီဖြစ်တဲ့ သရုပ်ဆောင် စံရတီမိုးမြင့်က သူမရဲ့ မွေးနေ့အလှူကို သဘာဝ တရားရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။ ရဟန်း သီလရှင် ဘိုးဘွားဂီလာန(၂၉၂၀)တို့ကို နေ့ဆွမ်းအာဟာရ ကုသိုလ်ပြုခဲ့ပါတယ်တဲ့။

Photo: သဘာဝတရားရိပ်သာ

စံရတီမိုးမြင့်က ဇွန်လ ၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့ အလှူကို ပရိသတ်တွေထံ မျှဝေခဲ့တာ တွေ့ရပါတယ်။ သူမကတော့ အခုဆိုရင် အသက် ၂၅ နှစ်ပြည့်ပြီးဖြစ်ပါတယ်။

‘’မွေးနေ့မှာပြုသမျှအလှူများထဲကတစ်ခုပါ။ အားလုံးကိုကုသိုလ် ဝေမျှပါတယ်ရှင်’’ ဆိုပြီးတော့ ဇွန်လ ၄ ရက်နေ့ နေ့လယ် ၁၁ နာရီ မိနစ် ၅၀ က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ သဘာဝတရားရိပ်သာ Facebook Page ကနေ တင်ထားတဲ့ မွေးနေ့ အလှူ Post လေးကို Share လုပ်ရင်း ပြောပြခဲ့တာပါ။

Photo: သဘာဝတရားရိပ်သာ

စံရတီမိုးမြင့်ရဲ့ မွေးနေ့ အလှူကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆိုခဲ့ကြပါတယ်။ အဲဒီနောက် သူမကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ သဘာဝတရားရိပ်သာမှ တာဝန်ရှိသူ လူကြီးမင်းတွေကလည်း မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။

‘’မွေးနေ့ရှင် သရုပ်ဆောင်မစံရတီမိုးမြင့် ယနေ့တွင် ကျရောက်သောမွေးနေ့အထိမ်းအမှတ် သဘာဝတရားရိပ်သာ(သန်လျင်)မှ ရဟန်း သီလရှင် ဘိုးဘွားဂီလာန(၂၉၂၀)တို့အား နေ့ဆွမ်းအာဟာရနှင့် လှူဖွယ်ဝတ္တုတို့အား လှူ ဒါန်းကုသိုလ်တော်’’ ဆိုပြီးတော့ ဇွန်လ ၃ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သဘာဝတရားရိပ်သာ Facebook Page မှာ ရေးသားခဲ့တာပါ။

Photo: သဘာဝတရားရိပ်သာ

စံရတီမိုးမြင့်ဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကတော့ ၂၀၁၈ ခုနှစ်က စပြီး ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ မကြာခဏဆိုသလို ရိုက်ကူး ရေး တွေ လုပ်နေတာကို တွေ့ရပါတယ်။ စံရတီမိုးမြင့်ကို ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် စတင် သိရှိ လာတာဖြစ်ပါတယ်။ ခပ်စွာစွာ ကောင်မလေး ကာရိုက်တာတွေကလည်း သူနဲ့ အရမ်းကို လိုက်ဖက်ပါတယ်။

Share

က္က