ကလေး(၂)ဦးလည်းပါဝင်ပါတယ်။

သံဈေးမီးလောင်မှုမှာတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ (၃)လွှာကဆိုင်ခန်းတချို့ကလွဲပြီး (၁၁)လွှာအထိ လူနေအိမ်ခန်းတွေနဲ့ ဆိုင်ခန်းတွေမှာတော့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိဘူးလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကသိရပါတယ်။ 

ဒီကနေ့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ မနက်ပိုင်းက လမ်းမတော် ၊ သံဈေးမီးလောင်မှုအတွင်းမှာတော့ မီးခိုးမွှန်ပြီး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသူ(၁၅)ဦးရှိပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကာ အားလုံးဘေးကင်းစိတ်ချရတဲ့ အနေအထားမှာရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေမှာ အမျိုးသား(၉)ဦး၊ အမျိုးသမီး (၄)ဦးနဲ့ ကလေး(၂)ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဈေးအပေါ်ထပ် ကွန်ဒိုတိုက်ခန်းတွေအတွင်းမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် အားလုံး(၈၅)ဦးကို အထပ်မြင့်အဆောက်အဦ (၁၀)လွှာကနေကယ်ထုတ်ခဲ့ရပြီး အဲဒီထဲကမှ (၁၅)ဦး ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုတွေကို ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောခဲ့ပါတယ်။

“ မီးငြိမ်းသွားပြီဆိုတော့ အန္တရာယ်ကင်းသွားပြီ။ လူတွေရဲ့နေရေးကိုပြန်စဉ်းစားရမယ်။ မီးလောင်မှုနောက်ထပ် ထပ်မဖြစ်အောင်တော့လုပ်ရမယ်။ အခုမီးလောင်ခဲ့တဲ့အဆောက်အဦတွေကိုလည်း အမြန်ဆုံးပြင်ရမယ်။ အဆောက်အဦတွေကို အင်ဂျင်နီယာပိုင်းက စစ်ဆေးမှုဝင်မယ်၊ ကျွန်တော်တို့တစ်ဆင့်ချင်းကောင်းအောင်လုပ်သွားမှာပါ” လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။ 

လက်ရှိအချိန်ထိ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးအတိအကျကိုတော့ ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။ လမ်းမတော်သံဈေးမီးလောင်မှုကိုတော့ အချိန်(၃)နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရပြီး အမြင့်ဆုံးအဆင့် level(5)အဆင့် သတ်မှတ်ပြီး မီးငြှိမ်းသတ်ခဲ့ရတာပါတယ်။ 

Share

Loading Next Article...
က္က