ယာယီစခန်းတွေကို ပြောင်းရွှေ့ရပါတယ်။

မွန်ပြည်နယ် ရေးမြို့မှာ သြဂုတ်လ ၂၇ ရက် ညပိုင်းလောက်ကစပြီး ဒုတိယအကြိမ် ရေကြီးမှု တွေ ဖြစ်ပေါ်နေလို့ လူ ၂၀၀ ကျော်လောက် ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ရေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးအေးက Duwun ကိုပြောပါတယ်။

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုတွေ၊ ပင်လယ်ရေကျနဲ့ ကြုံနေတာကြောင့် ရေးမြို့နယ်ရဲ့ နေရာအချို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo - မောင်မောင် (ရေးမြို့နယ်မှာ ရေပြန်လည်ကြီးနေ)

“ ရေးမြို့ အားလုံးနီးပါး ရေပြန်ကြီးတာလို့ ပြောလို့ရပါတယ်။ ရေးမြို့ ဟံဂံရွာဆို မိုးရွာတာနဲ့ အမြဲတမ်းရေကြီးတဲ့နေရာဖြစ်နေပါတယ်။ ဒီနေ့ကတော့ မိုးလုံး၀ မရွာတော့ဘူးဆိုတော့ ရေပြန်ကျမယ်လို့ ထင်ပါတယ်” လို့ ဦးကျော်မိုးအေးက Duwun ကိုပြောပါတယ်။

ဒုတိယအကြိမ် ရေပြန်လည် ကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ၂၀၀ ကျော်လောက်ဟာ ရေးမြို့နယ်ရှိ မြို့မ ကယ်ဆယ်ရေးစခန်းမှာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့သိရပါတယ်။

ဒီနေ့ သြဂုတ်လ ၂၈ ရက်မှာ  ရေပြန်ကျသွားပေမယ့် အခုချိန်ထိ နေအိမ်တွေကိုတော့ ပြန်မပြောင်းရသေးဘူးလို့ဆိုပါတယ်။

Photo- မောင်မောင် (ရေးမြို့နယ်မှာ ရေပြန်လည်ကြီးနေ)

မော်လမြိုင်မြို့မှာလည်း မိုးရွာများပြီး ရေဝင်ရောက်တာကြောင့် မော်လမြိုင်ဈေးကြိုရပ်ကွက်နဲ့ အနီးဝန်းကျင် ရပ်ကွက်အချို့က အနိမ့်ပိုင်းနေအိမ်အချို့မှာ ရေဝင်တာကြောင့် ယာယီစခန်းတွေမှာပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်လို့ မော်လမြိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရေးမြို့ ရေကြီးမှုကတော့ တစ်မြို့လုံးနီးပါး ရေဖုံးလွှမ်းခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ပြီး လူ ၉၀၀၀ ကျော်လောက် ယာယီရေဘေးရှောင်စခန်းတွေကို ပြောင်းရွှေ့ခဲ့ရပါတယ်။

တစ်ချို့နေရာတွေမှာ နေအိမ်တွေ ပြိုကျခြင်း၊ မျောပါခြင်းတွေ ရှိခဲ့ပြီး အသက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု တော့ မရှိခဲ့ဘူးလို့သိရပါတယ်။

အခုုနှစ် မိုးရာသီကာလမှာ မိုးရွာသွန်းမှုတွေကြောင့်  မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က