သရုပ်ဆောင် လောကမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်က ရွှေမှုံရတီရဲ့ ဆရာဆိုရင်လည်း မမှားပါဘူး။ အနုပညာပျိုးခင်းထဲက ဆရာငါးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မြင့်မြတ်က ရွှေမှုံနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်လေးတွေကို ပြောပြလာတာ ဖြစ်ပါတယ်။
အနုပညာပျိုးခင်းရဲ့ ဆရာငါးယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မြင့်မြတ်က ရွှေမှုံရတီနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်လေးတွေကို ပြောပြလာတာ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ရွှေမှုံရတီတို့ဟာဆရာတပည့်ဆက်ဆံရေးဆိုတာထက် မောင်နှမတွေလို ဖြစ်နေပါပြီလို့ မြင့်မြတ်က ဆိုပါတယ်။
"ဆရာတပည့် ဆက်ဆံရေးတော့ရယ်လည်း မဟုတ်ပါဘူး။ ဆရာလည်းဆရာတပည့် မောင်လည်းမောင်နှမတွေပေါ့နော်။သူ့ကိုတော့ တစ်ချိန် လုံးပြောရပါတယ်။ ဗရမ်းဗတာတွေ အမြင်မတော်တာလေးတွေ ပြောရတယ်။သူက တပည့်ဆိုတာထက် ညီမဆိုးဆိုးလေးလို့ ပြောရမှာပဲ ။ ဆိုးတယ် ဆိုတာကလည်း အငယ်ဆုံးလည်းဖြစ်တယ်။ ဂျစ်ကန်ကန်နဲ့ ပြောရင်တော့နားထောင်တယ်" လို့ မြင့်မြတ်က သြဂုတ်လ(၂၄) ရက်နေ့ Duwun ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါတယ်။
ရွှေမှုံရတီကလည်း "သဲကိုတော့ ဆရာတွေအားလုံးက ဆိုးတယ်လို့ မှတ်ချက်ချထားကြပါတယ်။ ကိုမြင့်မြတ်က ကိုယ့်အကိုလိုပါပဲ။ သဲကို အမြင်မတော်တာတွေရှိရင်လည်း ဆုံးမနေကြပေ့ါ။ ဆရာတွေအားလုံးက သဲကို ဆုံးမကြပါတယ်"လို့ ရွှေမှုံက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။
ရွှေမှုံရဲ့ ထူးချွန်မှုလေးတွေကိုလည်း မြင့်မြတ်က ပြောပြခဲ့ပါသေးတယ်။
"ရွှေမှုံရဲ့ ထူးချွန်မှုက အကုန်လုံးလည်း သိကြတာပဲ။ တစ်နိုင်ငံလည်းလည်းသိတယ်။ရွှေမှုံ ထူးချွန်ချက်ကတော့ သူသရုပ်ဆောင်တာ အရမ်း ကောင်းတယ်။ ဘယ်ရာဖြစ်ဖြစ်သူအကုန်ကြိုးစားတယ်။ စပြီးတော့ ရိုက်တဲ့အချိန်ကတည်းက ပေါ့ ကျွန်တော်တို့ ပျိုးခင်းက ဆရာတွေ အားလုံး လည်း သိကြပါတယ်။ အရမ်းကြိုးစားတယ်။ သူ့ရဲ့ ပါရမီပေ့ါ။ ကြိုးစားမှုလည်းကောင်းတယ်။ မကောင်းတာ ဆိုးတာလေး တစ်ချက်ပဲ "ဆိုပြီး မြင့်မြတ်က ဆက်လက်ပြောပြခဲ့ပါတယ်။
သူ့ကို သဲအရမ်းချစ်တယ်ဆိုတဲ့ ရွှေမှုံရတီ
မြင့်မြတ်ရဲ့ သားလေးကိုတော့ ရွှေမှုံရတီက သွားတောင်းဖို့ ပြင်ဆင်ထားတယ်တဲ့။
"ယောက္ခမကိုတော့ မတွေ့ရသေးဘူး။ နောက်မှသက်သက်တစ်ရက်သွားတောင်းဖို့ ပြင်ဆင်ထားပါတယ်။ တစ်ခါတည်းတောင်းဖို့လည်း စဥ်းစားထားတယ်။ ကလေးက ဖြူဖြူဖွေးဖွေး ချစ်စရာလေး" ဆိုပြီး ရွှေမှုံက မြင့်မြတ်ရှေ့မှာ ကလေးလေးအ ကြောင်းပြောခဲ့ ပါသေးတယ်။ မြင့်မြတ်ကတော့ သူ့ကို ချွေးမကောင်းတော့ ဖြစ်ပေမယ့် ချွေးမက မျက်နှာနည်းနည်းများတယ်ဆိုပြီး ရွှေမှုံကို ပြန်ပြီးစနောက်ခဲ့ပါသေးတယ်။
မြင့်မြတ်နဲ့ ရွှေမှုံရတီတို့ဟာ သရုပ်ဆောင် လောကမှာ အောင်မြင်နေတဲ့ အနုပညာရှင်များဖြစ်ကြပါတယ်။ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်ကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူတွေပါ။
မြင့်မြတ်ဟာ ယခုဆိုရင် ကလေးအဖေဖြစ်လို့သွားပါပြီ။ မြင့်မြတ်ရဲ့ ဘဝထဲကို မွးနေ့တူတဲ့ သားလေးတစ်ယောက် ရောက်ရှိလာပြီဖြစ်လို့ အရမ်းကို ပျော်လို့နေပါ တယ်။ မြင့်မြတ်ရဲ့ သားလေးကို သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။
Share