ပိုင်တံခွန်က လက်ခံထားတဲ့ ရှုတင်တွေများတာကြောင့် မေလတစ်လလုံး မအားမလပ်ဖြစ်နေပါတယ်တဲ့။ သူဟာ လက်ရှိမှာတော့ မိန်းကလေးပရိသတ် အများဆုံးပိုင်ဆိုင်ထားတဲ့ မင်းသားချောလေးဖြစ်ပါတယ်။
Photo: Paing Takon
ပိုင်တံခွန်ဟာ သူ့ရဲ့ အနုပညာအလုပ်တွေ မအားလပ်တာကြောင့် မိတ်ဆွေအပေါင်းအသင်းတွေကို စာမပြန်၊ စကားပြန်မပြောနိုင်မှာ စိုးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် Brand အတွက်ကိုလည်း ကြိုးစားလုပ်ဆောင်နေပါတယ်တဲ့။
‘’ မေ ၁ လလုံးနဲ့ ဇွန် ပထမပတ်အထိ မနက် ည ရှုတင်အပြည့်ပဲ။ ကျွန်တော့် Brand နဲ့ ပတ်သက်လိ့ု ဇူလိုင် ပထမပတ်အတွက် အမှီလုပ်နေလို့ Messenger မှာ စာပြန်နိုင်မှာ မဟုတ်ပါဘူးခင်ဗျာ။ တစ်ခုခုပြောစရာရှိရင် ဖုန်းသာ လှမ်းဆက်ပေးပါ’’ လို့ ပိုင်တံခွန်ရဲ့ Facebook Story မှာ မေလ ၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲက ရေးတင်ထားတာ တွေ့ရပါတယ်။
Photo: Paing Takon
ပိုင်တံခွန်နာမည်နဲ့ ထွက်ရှိလာမယ့် ကိုယ်ပိုင် Brand လေးကဟာ သူ့ကိုချစ်တဲ့ ပရိသတ်တိုင်း အသုံးပြုနိုင်တဲ့ ပစ္စည်းလေးဖြစ်အောင် ပြင်ဆင်နေပါတယ်တဲ့။
'' လောလောဆယ်မှာ ယောကျ်ားလေးရော၊ မိန်းကလေးရော သုံးလို့ရမယ့် ပစ္စည်းတစ်ခုကို ကျွန်တော် ထုတ်နေတယ်။ သိပ်မကြာခင်မှာ ပရိသတ်လက်ထဲကို ကျွန်တော် ထည့်ပေးမယ်။ ဒါပေမယ့် အဲ့ဒါ ဘာပစ္စည်း ဘာ Brand လဲ လို့မေးရင် ကျွန်တော် ဖြေလို့မရသေးဘူး။ Brand နဲ့ ပတ်သက်ပြီး မပြီးမြောက်သေးတဲ့ ကိစ္စတွေလည်းရှိနေတော့ အမှားအယွင်းဖြစ်မှာကိုလည်း ကျွန်တော် စိုးရိမ်တယ်'' လို့ မီဒီယာ အင်တာဗျုးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Paing Takon
သူဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုတွေထက် တီဗီကြော်ငြာတွေ၊ Fashion တွေ အများဆုံး ရိုက်ကူးဖြစ်နေတာကို တွေ့ရပါတယ်။ အောင်မြင်တဲ့ မော်ဒယ် တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကိုတော့ မိန်းကလေး ပရိသတ်တွေက တစ်ခဲနက် အားပေးထားကြတာဖြစ်ပါတယ်။ သူ့ရဲ့ အချစ်ရေး နဲ့ပတ်သက်ပြီးတော့လည်း မကြာခဏဆိုသလို ကောလာဟလတွေ ထွက်လေ့ရှိတာကို တွေ့ရပါတယ်။
Photo: Paing Takon
ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။