ခင်ဇာခြည်ကျော်က သူမနဲ့ မွေးလတူတဲ့ သမီးလေး ထင်သစ္စာအတွက်မွေးေ န့ဆုတောင်းစကားလေး ပြောထားတာပါ။ ထင်သစ္စာလေးက အသက်(၁၅)နှစ်ပြည့်သွားပြီတဲ့။
Photo : ခင်ဇာခြည်ကျော်
ဒီနေ့က သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာရဲ့ အသက်(၁၅)နှစ်ပြည့် မွေးနေ့လေးပါ။ သမီးလေးကို အငယ်ဆုံးလေးမို့ ကလေးလေးလို့ပဲ ထင်ခဲ့မိတာ အခုဆိုရင် အသက်(၁၅)နှစ်တောင် ပြည့်သွားပြီလို့ ဆိုပါတယ်။ မွေးလတူတဲ့ သမီးလေးကိုလည်း ခင်ဇာခြည်ကျော်က ယခုလို မွေးနေ့ဆုတောင်းစကားလေး ပြောထားပါသေးတယ်။
“Happy Birthday ပါ ချစ်သမီး လေး ရေ မေ မေ နဲ့မွေး လ အတူ တူ ဇွန် လ ၂၅.၆.၂၀၁၉ မှာ အသက်( ၁၅ ) နှစ် ပြည့် ပြီ နော် ။ မေ့သမီး လေးကို အငယ် လေး မို့ ခု ထိ မေ မေ က ပုစိ ကွေး လေး လို ထင် နေ တာ. မေ မေ တို့မိသားစု ရဲ့ အငယ် ဆုံး အသဲ လေး ပေါ့ ။သမီး လေး ရေ ယ နေ့ ကျ ရောက် တဲ့ မွေး နေ့က စပြီး စိတ် ချမ်း သာ ကိုယ် ကျန်း မာ စွာ နဲ့ ပညာ ရေးမှာ ထူး ချွန် ထက်မြက် ပါ စေမိဘ ကျေးဇူး ကို သိတတ် နား လည် တဲ့ သမီး လေး ဖြစ် ပါ စေ လို့မေ မေ ကဆု မွန် ကောင်း တောင်း လိုက် ပါတယ်.။မွေး နေ့ မှာ ပျော် ရွှင် ပါ စေ ချစ်သမီး ထင်သစ္စာ ချစ် တဲ့ မေ မေ” ဆိုပြီး ဇွန်လ(၂၅) ရက်နေ့ မနက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : ခင်ဇာခြည်ကျော်
ခင်ဇာခြည်ကျော်ရဲ့ သမီးလေး ထင်သစ္စာဟာ မိခင်ရဲ့ အနုပညာသွေးကို အပြည့်အဝ ပါထားတဲ့ သမီးလေး တစ်ယောက်လည်း ဖြစ်ပါတယ်။ ထင်သစ္စာက သီချင်းဆိုတာကို ဝါသနာပါပြီး အဆိုတော် တစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထင်သစ္စာက တက္ကသိုလ်တက်နေတာပါ။ သူ ဝါသနာပါတဲ့ ဂီတအလုပ်တွေကိုတော့ ပညာရေး ဆုံးခန်းတိုင်ပြီဆိုမှသာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
‘’ အခု IT ဖြေပြီးသွားရင် စင်ကာပူမှာ ကျောင်းသွားတတ်မယ်။ စင်ကာပူမှာ ၃ နှစ်ကျောင်းတက်ပြီးလို့ ဘွဲ့ယူပြီးသွားပြီဆိုရင် ဒီကို ပြန်လာပြီးတော့ အဆိုပိုင်းကို ဆက်လုပ်မယ်။ Cover သီချင်းတွေကိုလည်း အခုက အစပျိုးထားတာပေါ့နော်။ ပြန်လာရင်တော့ ပိုပြီးတော့ အာရုံစိုက်ဖြစ်မယ်ထင်တယ်’’ ဇွန်လ ၁၀ ရက်နေ့က Lady Boy Family Show ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo : ခင်ဇာခြည်ကျော်
ထင်သစ္စာကိုတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်၊ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော် ဘုန်းမင်းနေလရဲ့ ညီမလေး အဖြစ် ပရိသတ်တွေ သိရှိခဲ့တာပါ။ အခုလက်ရှိမှာလည်း သူမဟာ မိခင်ဖြစ်သူ၊ အစ်ကိုဖြစ်သူတို့နဲ့အတူ မဂ္ဂဇင်းကာဗာတွေမှာ ပါဝင်နေသူဖြစ်ပါတယ်။ သူမကလည်း အနုပညာကို ဝါသနာပါသူ တစ်ယောက်ပါ။