ဥပဒေနဲ့ရှေ့နေဆိုင်ရာ ကိစ္စတွေကို အခမဲ့ဆောင်ရွက်ပေးမှာပါ။

ဆင်းရဲနွမ်းပါးသူတွေကို ဥပဒေဆိုင်ရာ တရားရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တန်းတူ အခွင့်ရေးရရှိဖို့အခမဲ့ ကူညီဆောင်ရွက်ပေးမယ့် တရားမျှတမှု စင်တာ (Justice Centre) ကို နေပြည်တောင်မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

 

IMG_20180901_093643.jpg

Photo - IBJ



ဆင်းရဲချို့တဲ့ပြီး ကိုယ်ပိုင်ရှေ့နေငှား ရမ်းရန် ငွေကြေးမတတ်နိုင်တဲ့စွပ်စွဲခံရသူ မည်သူမဆို၊ အသက် ၁၈ နှစ်အောက် စွပ်စွဲခံရသူ မည်သူမဆို၊ တန်းတူညီမျှမှု မရှိသူများ ၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ လိင်တူချစ်မြတ်နိုးသူ၊ ဘာသာ စကားအားဖြင့် လူနည်းစုများ၊ ကိုယ်ခန္ဓာ မသန်စွမ်းသူများအပါအဝင် စွပ်စွဲခံရသူ မည်သူ မဆိုကို အခမဲ့ ဝန်ဆောင်မှု ပေးဖို့အတွက် စက်တင်ဘာ ပထမပတ်ထဲမှာ အဲ့ဒီစင်တာကို ဖွင့်လှစ်လိုက်တာလည်းဖြစ်ပါတယ်။

"ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို ကူညီဖိ့ု့အတွက် ဒီလို စင်တာတွေလုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ဆင်းရဲလို့ ရှေ့နေ မငှားနိုင်ဘူးဆိုရင် အကူအညီအားလုံးပေးပါတယ်။ ငွေကြေးတပြားတချပ်မှ ကုန်ကျစရာမလိုပါဘူး။"လို့ စင်တာ တာဝန်ရှိသူက နေပြည်တော်မှာပြုလုပ်တဲ့ ဖွင့်ပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Photo - IBJ

အဆိုပါ IBJ အဖွဲ့အစည်းကို ၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာဒီးယား၊ အာဖရိကနိုင်ငံ အများစုဖြစ်တဲ့ စုစုပေါင်း ၁၄ နိုင်ငံတွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံမှာလည်း နေပြည်တောင်စင်တာအပါအဝင် မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ဘားအံ ၊ ကလောမှှာလည်းဖွင့်လှစ်ထားပါတယ်။



စင်တာအတွက်လိုအပ်တဲ့ရန်ပုံငွေကိုဥရောပသမဂ္ဂကထောက်ပံ့ပေးပါတယ်။ဗြိတိသျှကောင်စီကနေစီမံခန့်ခွဲတဲ့Myjusticအစီအစဉ်(ခွဲခြားဆက်ဆံခံရပြီး အန္တရာယ်ကျရောက်လွယ်တဲ့လူတွေအတွက် ဖြေရှင်းပေး)နဲ့ IBJ (InternationalBridgestoJusticeဥပဒေဆိုင်ရာဝန်ဆောင်မှုပေးတဲ့အဖွဲ့)က ပူးပေါင်းကူညီတာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က