ကလေးတွေနဲ့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ တောင်ကြီးမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ငယ်စဉ်က သူတက်ခဲ့တဲ့ အ.ထ.က ၁ (တောင်ကြီး) ကျောင်းက ကလေးတွေအတွက် ကစားကွင်းဆောက်လုပ်ဖို့ကိုလည်း အလှူငွေတွေ လှူဒါန်းခဲ့ပါသေးတယ်တဲ့။

Photo: Sai Sai



ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူကိုယ်တိုင် ပညာသင်ကြားလေ့လာခဲ့တဲ့ ကျောင်းကို အလှူပြုခွင့်ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ စိုင်းစိုင်းက မွေးရပ်ဇာတိမြေကိုလည်း အရမ်းပြန်ချင်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’One of the Best Days !! See how Happy we are today !! ကျွန်တော်သူငယ်တန်းက ဆယ်တန်းအထိတက်ခဲ့တဲ့ အမှတ် (၁) ကျောင်း တောင်ကြီး ကလေးကစားကွင်းဆောက်လုပ်ရာမှာ လှူဒါန်းခွင့် ရရှိခဲ့ပါတယ်။ စီစဉ်ပေးတဲ့ ဆရာမများ မိဘများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒီနေ့ ဘယ်လောက်ပျော် နေကြလဲဆိုတာ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Sai Sai

အဲဒီနေောက် စိုင်းစိုင်းခမ်းလှိုင်က တောင်ကြီးမြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေမှာ ကျင်းပပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲမှာလည်း ပါဝင်သီဆိုဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

'' တောင်ကြီး ဖေဖော်ဝါရီ ၁၇ တောင်ကြီး ဆေးကျောင်း ကွန်ပျူတာကျောင်း သူနာပြုကျောင်းနဲ့ သားဖွားသင်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေအတွက် Decolgen က ဦးစီးကျင်းပတဲ့ ကျန်းမာရေးနဲ့ စာပေ ဟောပြောပွဲ ဂီတဖျော်ဖြေပွဲမှာ တောင်ကြီးသား အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ပါဝင်သီဆိုခဲ့ကြောင်း သိရှိရပါတယ်'' ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဆက်လက်ရေးသားထားပါသေးတယ်။

Photo: Htoo Kyaw Htet

စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်မှာရော ဂီတဘက်မှာပါ အတွေ့အကြုံတွေ အများကြီးရှိသူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ Show ပွဲကြီးကိုလည်း ဆက်လက်ကျင်းပသွားဖို့ ရှိတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဒီနှစ် Birthday Show ကို လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်က ၁၅နှစ်ပြည့်ဖြစ်ပါတယ်။ 15 Years Anniversary လုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကကျွန်တော့်အတွက် အင်မတန်အရေးကြီးတဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးကိုလည်း ဖိတ်မယ်။ တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်’’ လို့ ဇန်နဝါရီလ ၃၁ရက်နေ့ ည ၈ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်းပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်ဇာတ်ကားကြီးက ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားဟာ စာရေးဆရာမ ဂျူး ရဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။

Photo: Sai Sai

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က