မိုးအောင်ရင်အတွက် ထောင်ဒဏ် (၁၇)နှစ်ဆိုတာ အရမ်းကို များလွန်းသလို သူမအနေနဲ့လည်း ရင်ကျိုးမတတ်ခံစားရတယ်လို့ ဆိုပါတယ်
မိုးအောင်ရင် သရုပ်ဆောင် လောကထဲ စဝင်ကတည်းကတည်း မို့မို့မြင့်အောင်ဟာ ဆရာသမားတစ်ယောက်လိုသာမက မွေးစားမိဘတစ်ယောက်လို စောင့်ရှောက်လာခဲ့တဲ့ ကလေးလေးတစ်ယောက် ယခုလို ဖြစ်သွားတဲ့အတွက ်အရမ်းလည်းစိတ်မကောင်းဖြစ်ခဲ့တယ်လို့ သူမက ဆိုပါတယ်။
“အရမ်းကို ခံစားခဲ့ရတယ်။ သူ့အဖေအမမရောက်သေးတော့ သူတို့ကလည်း မြန်မာနိင်ငံမှာ မရှိသေးတဲ့အချိန်မှာ ကိုယ့်မှာပိုပြီးခေါင်းကြီးရတာပေ့ါ။ကလေးအတွက်လည်း ပူပင်ရတယ်။ ကိုယ်သွားတွေ့ပြန်တော့လည်း မီဒီယာတွေကလည်းမေးရင် ပိုပွသွားမှာစိုးတော့ မမေးခဲ့ပဲ နေခဲ့ရတယ်။နောက်ကွယ်ကနေပဲ ကလေးစားဝတ်နေရေးအတွက် လုပ်ပေးတယ်။ တစ်ပတ်တစ်ခါ ရုံးထွက်တဲ့ အခါမှာ သူစားဖို့ မုန့်တွေပို့ပေးတယ်။ နောက်သူ့မိဘတွေ ရောက်လာတော့ ကိုယ်စိတ်အေးသွားရတယ်” လို့ ဒီဇင်ဘာ(၁၄)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shwe FM ပွဲတက်ရင်း Duwun Media သို့ ဖြေဆိုပေးခဲ့တာပါ။
Photo : မိုးအောင်ရင် FB
သရုပ်ဆောင် မိုးအောင်ရင် ထောင်(၁၇)နှစ် ကျတာနဲ့ ပတ်သက်ပြီး မွေးစားမိဘတစ်ယောက်အနေနဲ့ ရင်ကျိုးမတတ်ခံစားခဲ့ရတယ်လို့ အကယ်ဒမီ မို့မို့မြင့်အောင်က ရင်ဖွင့်လို့လာပါတယ်။
“အခုတော့လည်း ၁၇နှစ်ဆိုတာ တော်တော်လေးများပါတယ်။ ကလေးက တကယ်တမ်း သမိုင်းကြောင်းကို ပြန်တွက်ကြည့်လိုက်ပါ။ ကလေးက လူလိမ္မာလေးပါ။ အဖေအမေနဲ့ အတူမနေတဲ့အခါကျတော့ မမို့ကလည်းဆရာဆိုပေမယ့် မိန်းမဆရာဖြစ်နေတော့ သိပ်ပြီးတော့ခရစေ့တွင်းကျ လိုက်ထိမ်းချုပ်လို့မရဘူးလေ။လူငယ်ဆိုတော့ လမ်းမှားလိုက်မိတာပေ့ါ။ မမို့နဲ့ ဖုန်းပြောဖြစ်တော့ သူဟာမဟုတ်ဘူးတဲ့။ သားလည်းအိမ်မရောက်တာ ကြာပြီတဲ့။ သူကလည်းဆော်ကြောင်လေ အိမ်မှာမနေဘူး။ အဲ့တော့ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ကိစ္စကြီးက သူ့အတွက် ဒုက္ခရောက်သွားတာပေ့ါ။ ပထမ မမို့က ငါးနှစ်လောက်နဲ့ ပြးပြီးထင်တာ။ အဲ့လိုအများကြီး ဖြစ်လာတော့ ကလေးအတွက် တော်တေ်ာနစ်နစ်နဲနဲကြီးတော့ ဖြစ်တာပေ့ါ။ ဘဝတစ်ခုလုံးကြီးပြတ်သွားအောင် ဖြစ်သွားတယ်။” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။
Photo : မိုးအောင်ရင် FB
သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ(၁၂) ရက်နေ့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က)နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်ပါတယ်။ ထို့အတူ ပြီးခဲ့သော နိုဝင်ဘာ(၂၆) ရက်နေ့က ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုအတွက် အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့်ချခဲ့ပါသေးတယ်။ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ် ကျခံခဲ့ရပါတယ်။
မိုးအောင်ရင်သတင်းနဲ့ ပတ်သက်ပြီး အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအပေါင်းအသင်းတွေအားလုံး စိတ်မကောင်းဖြစ်လို့နေပါတယ်။