ဇာတ်ကားတောင် အတူတွဲရိုက်ချင်တာပါတဲ့နော်။

မေတိုးခိုင် က ကိုရီးယားအနုပညာရှင်တွေထဲမှာ လီဂွမ်ဆူကို အကြိုက်ဆုံးပါတဲ့နော်. လီဂွမ်ဆူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုလည်း စိတ်လှုပ်ရှားရင်း ဖြေဆိုခဲ့ပါသေးတယ်.

Photo: မေတိုးခိုင်

ပြည်သူ့အချစ်တော်မလေး မေတိုးခိုင်က လက်ရှိအနုပညာလောကမှာ ပရိသတ်အခိုင်အမာ ရရှိထားသူလေးဖြစ်ပါတယ်. သူမဟာ ကိုရီးယားဇာတ်လမ်းတွဲ တွေကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တယ်လို့လည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်.

'' ညီမက ကိုရီးယားကား အရမ်းကြိုက်တယ်. အရမ်းလည်းကြည့်တယ်. ပုံမှန်ဆိုရင် ညီမရဲ့ အဖော်လို့တောင်ပြောလို့ရတယ် ကိုရီးယားကား အရမ်းကြည့်လို့လေ. ကိုရီးယားကား ထဲက သီချင်းတွေကို ပိုကြိုက်တယ်. K-Pop ကတော့ အဲ့ဒီလောက်အထိ အရမ်းကြီးတော့ မကြိုက်ဘူး. လက်ရှိမှာတောင် ကိုရီးယား ကားတွေ အများကြီး သိပ်မကြည့်ဖြစ်ဘူး ဇာတ်ကားအသစ်တွေဆို စောင့်ရမှာကြာလို့ အရင်တုန်းက ဇာတ်ကားတွေပဲ ပြန်ကြည့်ဖြစ်တယ်''လို့ ဆိုပါတယ်.

Photo: လီဂွမ်ဆူ

မေတိုးခိုင်ရဲ့ အကြိုက်ဆုံး ကိုရီးယားအနုပညာရှင်တစ်ဦးကို ပြောပါဆိုရင်တော့ လီဂွမ်ဆူ ဖြစ်တဲ့အကြောင့် ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်. လီဂွမ်ဆူကို ကြိုက်တဲ့ အချက်တွေကိုလည်း စိတ်လှုပ်ရှားလျှက် ဖြေဆိုခဲ့တာကို တွေ့ရပါတယ်.

''ညီမက ကြိုက်တဲ့သူ အများကြီးပဲ. ဒါပေမယ့် တကယ်ရိုက်ချင်တဲ့သူကတော့ လီဂွမ်ဆူနဲ့ ရိုက်ချင်တယ်. အရမ်းကြိုက်တယ်. ညီမကို အရမ်းပျော်အောင်လည်း လုပ်နိုင်တယ်. အထူးသဖြင့် Running Man ထဲက လူတွေပေါ့နော်. ဂယ်ရီ တို့ လီဂွမ်ဆူတို့ကို ကြိုက်တယ်. မင်းသားတွေထက်စာရင် သူတို့ကို ပိုကြိုက်တယ်'' လို့ သူကဆိုပါတယ်.

Photo: မေတိုးခိုင်

အဲ့ဒီနောက် လီဂွမ်ဆူကို လေးစားရတဲ့ အကြောင်းတွေကိုလည်း မေတိုးခိုင်က ဆက်လက်ပြောပြလာပါတယ်.

'' သူ့ကို အရမ်းလည်းလေးစားတယ်. သူ့ရဲ့ အကြောင်း. သူ့ရဲ့ Parsonality တို့ကို အရမ်းကြိုက်လို့ပါ. ဖူးကတော့ ကိုရီးယားကားတွေကို အရမ်း Crazy ဖြစ်တယ်. သူတို့ရဲ့ ဇာတ်လမ်းလေးတွေ အကုန်လုံးကိုကြိုက်တယ်. ကိုရီးယားလည်း အရမ်းသွားချင်တယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ကိုရီးယား မြန်မာ ရုပ်ရှင်ပွဲတော်မှာ ပြောပြခဲ့တာဖြစ်ပါတယ်.

Photo: မေတိုးခိုင်

မေတိုးခိုင်ဟာ သရုပ်ဆောင်အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ အနုပညာမျိုးစက်သစ် တူမလေး ဖြစ်ပါတယ်။ မေတိုးခိုင်ရဲ့ အနုပညာလမ်း ကြောင်းအပေါ် လျှောက်လှမ်းနေမှုတွေကလည်း အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ ပံ့ပိုးမှုတွေရှိတယ်လို့ Duwun Media ကို ဖြေဆိုခဲ့ဖူးပါ သေးတယ်။

Share

Loading Next Article...
က္က