နှစ်ယောက်စလုံးကတော့ ကလေးစိတ်မကုန်သေးဘူး။

မေတိုးခိုင်နဲ့ နော်ဖောအယ်ထားတို့ သူငယ်ချင်း နှစ်ယောက်မှာတော့ မေတိုးခိုင်က အသက်နည်းနည်းပိုကြီးတယ်လို့ ဆိုပါတယ်။ တစ် ယောက်နဲ့ တစ်ယောက်ကလည်း ကိစ္စတိုင်းအလိုလို တိုင်တိုင်ပင်ပင်ရှိကြတယ်လို့ ဆိုပါတယ်။

Photo: မေတိုးခိုင်ဖေ့စ်ဘွတ်

 

အရမ်းကို ချစ်ခင်ကြတဲ့ မိန်းမချောလေး နှစ်ယောက်ဖြစ်တဲ့ မေတိုးခိုင်နဲ့ နော်ဖောအယ်ထား တို့ဟာ အရမ်းကိုချစ်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြ ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အလှဓာတ်ပုံလေးတွေ တင်လိုက်တိုင်း အားမကျရတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ သူတို့ နှစ်ယောက်ရဲ့ စိတ်ဓာတ်လေးတွေကိုလည်း နော်ဖောအယ်က Duwun Media ကနေသီးသန့်ပြောပြခဲ့ပါတယ်။

'' နှစ်ယောက်စလုံးက အရမ်းပွင့်လင်းတယ်၊ လျှိုဝှက်ထားတာမျိုးမရှိဘူး ပွင့်ပွင့်လင်းလင်းပဲ၊ ဒါကောင်းတယ်၊ ဒါမကောင်းဘူး တစ်ယောက်နဲ့ တစ်ယောက် ဘာစိတ်မှ မရှိပဲ ဝေဖန်တယ်။ နောက်တစ်ယောက်ကလည်း ဝေဖန်တာကို လက်ခံတယ်ပေါ့နော်။ အမှန်တွေပြောကြတာ ဖြစ်တဲ့ အတွက် ဘာစိတ်မှတော့ မရှိဘူး'' လို့ ဆိုပါတယ်။

Photo: မေတိုးခိုင်ဖေ့စ်ဘွတ်

အချစ်ရေးအကြောင်းပြောလာတဲ့ မေတိုးခိုင် 

မေတိုးခိုင်နဲ့ နော်ဖောအယ်ထား တိုု့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အရမ်းကူညီတတ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် မေတိုးခိုင်က အကြီးဖြစ်တာကြောင့် အစ်မအရင်းတစ်ယောက်လို အားကိုးလို့ရတယ် ဆိုတာကိုလည်း စက်တင်ဘာလ ၁၅ ရက်နေ့က REVLON (Live Boldy) ပစ္စည်းသစ် မိတ်ဆက်ပွဲတက်ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကလေးစိတ်ကတော့ နှစ်ယောက်စလုံး မကုန်သေးဘူး။ အရမ်းလည်း ဆော့တယ်၊ ငြိမ်ငြိမ်လည်း မနေဘူး၊ စားတဲ့ မုန့်တွေက အစပေါ့။ ဒါကြောင့်လည်း ပေါင်းဖြစ်တာလို့ထင်တယ်၊ ပြီးတော့ ကိုယ်က အငယ်ဆိုတော့ တစ်ခုခုဖြစ်ပြီလို့ ဖုန်းဆက်လိုက်ရင် သူက အစ်မကြီးလိုပဲ လိုက်ရှင်းပေးနေရတယ်'' လို့ သူကပြောပါတယ်။

Photo: မေတိုးခိုင်ဖေ့စ်ဘွတ်

 

အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ကြတဲ့ မေတိုးခိုင်နဲ့ နော်ဖောအယ်တို့ဟာ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို တိုင်ပင်တတ်ကြ သူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီတော့ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက် တိုင် ပင်ဖြစ်မှာပါလို့ဆက်လက်ပြောပြလာပါတယ်။

''ချစ်သူထားဖို့ ဆိုတာကလည်း အဓိက ကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ပါပဲ။ ဒါပေမယ့် သူငယ်ချင်းတွေဆိုတော့လည်း ဘာပဲဖြစ်ဖြစ် တိုင်ပင်ဖြစ် မယ်လို့ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြီးပြင်းလာတဲ့ နယ်ပယ်ခြင်းက မတူတဲ့အတွက်  တစ်ယောက်မသိတာကို တစ်ယောက် ပြန် မျှဝေမယ်ပေါ'' လို့ မေတိုးခိုင်နဲ့ နော်ဖောအယ် တို့က ဆက်လက်ပြောပြလာပါတယ်။

Photo: မေတိုးခိုင်ဖေ့စ်ဘွတ်

 

မေတိုးခိုင်နဲ့ နော်ဖောအယ်ထား တို့ဟာ အခုလက်ရှိမှာတော့ အလှဓာတ်ပုံတွေ၊ မဂ္ဂဇင်း Cover Star တွေ အဖြစ်ပါဝင်နေရတာဖြစ်ပါတယ်။ အဲ့ဒီ နောက် Music MTV တွေ၊ ကြော်ငြာတွေလည်း ရိုက်ကူးနေကြရတာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်တွဲ အလှဓာတ်ပုံတွေကနေတဆင့် အားပေးလာ ကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။

 

Share

Loading Next Article...
က္က