Beta ဗားရှင်းကို လာမယ့်အပတ်မှာ စပေးသွားမှာပါ

Huawei Mate 30 series တွေမှာ Huawei ရဲ့ custom OS သစ်ဖြစ်တဲ့ EMUI 10 OS ပါလာတော့မှာပါ။ EMUI 10 ဟာ ဘာတွေ အပြောင်းအလဲ ဖြစ်လာသလဲ ၊ UX ဒီဇိုင်းမှာရော ဘာတွေ ထူးလာသလဲဆိုတာ စိတ်ဝင်စားစရာပါ။


(၁) UX Design

Photo: Huawei


           EMUI 10 မှာ သိသာတဲ့ သုံးစွဲမှုအတွေ့အကြုံသစ်ကတော့ မျက်စိကို သက်တောင့်သက်သာ ဖြစ်စေမယ့် Dark Mode ပါလာတာပါ။ Dark Mode ဟာ screen ပေါ်က စာသားနဲ့နောက်ခံ ဘက်ဂရောင်းအကြား ကာလာအစပ်အဟပ်ကို အကောင်းဆုံး ဖြစ်စေတဲ့အပြင် system icons နဲ့စာသားအရောင်တွေကိုလည်း ညှိပေးပါတယ်။

           UI အရ ပြောမယ်ဆိုရင် ပိုပြီး ရှင်းလင်း သပ်ရပ်လာမှာ ဖြစ်ပြီး apps icon တွေမှာလည်း ဒီဇိုင်းအပြောင်းအလဲတစ်ချို့ရှိလာမှာပါ။ gestures အနေနဲ့လည်း ပိုကောင်းအောင် ပြုပြင်ထားပြီး screen ကို ဘယ်ဘက်ကို ဆွဲရင်အရင်ဝင်ထားတဲ့ screen ကို ပြန်ဝင်ရပြီး အပေါ်ကို swipe up လုပ်ရင် home ကို ပြန်ရောက်မှာပါ။

           

(၂) All-Scenario Experience


Photo: techlabuzz

           EMUI 10 ကို မိတ်ဆက်သွားတဲ့ Huawei Consumer Business Group ရဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာဌာန ဥက္ကဌ ဒေါက်တာ ဝမ်ချန်းလူကတော့ EMUI 10 ဟာ Distributed Technology အသုံးချမှုမှာ pioneer ဖြစ်တယ်လို့မိတ်ဆက်ပါတယ်။

           အဓိပ္ပါယ်ကတော့ Huawei ဟာ ဖုန်းနဲ့တစ်ခြား စမတ်တီဗွီတို့၊ စမတ် စပီကာတို့လို devices တွေအကြားမှာ အထစ်အငေ့ါမရှိ ချိတ်ဆက်နိုင်မယ့် နည်းပညာကို ချပြသွားတာပါပဲ။ HD video ခေါ်ဆိုမှုတွေကိုလည်း ထုတ်ကုန်အများကြီးမှာ ပံ့ပိုးပေးနိုင်ပြီး ဘယ်နေရာရောက်ရောက် ဘယ်အချိန်ရောက်ရောက် ဗွီဒီယိုနဲ့အသံခေါ်ဆိုမှုတွေ လုပ်နိုင်မှာပါ။

           အလုပ်မှာဆိုရင်လည်း စမတ်ဖုန်းနဲ့ကွန်ပျူတာတို့ဟာ ဒေတာတွေကို drag-and-drop လုပ်ရုံနဲ့screens တွေ share နိုင်မယ်လို့ဆိုပါတယ်။


(၃) Performance


  Photo: 9to5google         

           ပြီးခဲ့တဲ့နှစ်တစ်ချို့ကစပြီး Huawei ဟာ EMUI သုတေသနနဲ့ဖွံ့ဖြိုးရေးပိုင်းမှာ အကြီးအကျယ် ရင်းနှီးမြှပ်နှံပြီး system performance ပိုင်း အဆင့်မြှင့်တင်လာခဲ့ပါတယ်။ အခုဆို ဂရပ်ဖစ်ပိုင်းလုပ်ဆောင်ချက်တွေဟာ GPU Turbo နည်းပညာနဲ့၆၀% ပိုကောင်းလာပြီး 4G နဲ့Wifi ကွန်ရက်ချိတ်ဆက်မှုစနစ်မှာလည်း Link Turbo ကွန်ရက်ပေါင်းစည်း ချိတ်ဆက်မှုနည်းပညာဟာ ရိုးရိုး 4G သက်သက်ထက် ၇၀% ပိုသွက်လာစေပါတယ်။

           တစ်ခြား ဆန်းသစ်မှုအနေနဲ့Android ဖုန်းတွေရဲ့ ဒေတာဖတ်ရှုမှုကို ၂၀% ပိုသွက်လက်စေမယ့် EROFS super file system လိုမျိုး third-party app တွေရဲ့ လုပ်ဆောင်မှုကို ၆၀% ပိုမို ချောမွေ့မှုရှိစေမယ့် Ark Compiler တို့ထည့်သွင်းလာပါတယ်။

           


(၄) DAU သန်း ၅၀၀ ကျော်လာတဲ့ EMUI


Photo: androidheadlines

           Huawei EMUI ကို နိုင်ငံပေါင်း ၂၁၆ နိုင်ငံမှာ နေ့စဉ် သုံးစွဲနေတဲ့ Daily Active Users (DAU) သန်း ၅၀၀ ကျော် ရှိပြီး ဘာသာစကားအနေနဲ့၇၇ မျိုးအထိ ပံ့ပိုးပေးထားပါတယ။် EMUI 1.0 ကို စပြီး ထုတ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့EMUI ဗားရှင်းသစ်တွေကို ပြောင်းလဲသုံးစွဲမှုနှုန်းဟာလည်း တဟုန်းထိုးမြင့်တက်နေပါတယ်။

           EMUI 8.0 နဲ့EMUI9.0 ကို user upgrades လုပ်မှုနှုန်းဟာ ၇၉% နဲ့၈၄% စီ ရှိခဲ့ကြပြီး စမတ်ဖုန်းကနေ EMUI 10 ကို upgrade လုပ်မှုအရေအတွက်ဟာ သန်း ၁၅၀ ကျော်မယ်လို့ခန့်မှန်းထားပါတယ်။


(၅) EMUI 10 Beta ဗားရှင်းကို ဘယ်ဖုန်းအရင်ဆုံး upgrade ရမလဲ

  Photo: androidresult         

           Huawei P30 series ပါ။ စက်တင်ဘာ ၈ ရက်နေ့ဆိုရင် EMUI10 beta ဗားရှင်းကို Huawei P30 series တွေအတွက် internal testing လုပ်တော့မှာပါ။ Mate 20 series ကတော့ EMUI 10 ကို နောက်ပိုင်းမှာ ရမှာ ဖြစ်ပြီး မကြာခင် ကြေညာသွားမယ့် Huaweii Mate 30 ဖုန်းသစ်တွေမှာ EMUI10 ကို ပထမဆုံး launch လုပ်မှာပါ။


ယခုဆောင်းပါးအား Huawei Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။

Share

Loading Next Article...
က္က