မှော်ကျောက်စာရိုက်ကွင်းပေါ်က ရယ်စရာအမှတ်တရတွေကို မြင့်မြတ်ကတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ ဒီဇာတ်ကား ကိုတော့ အောက်တိုဘာလ ၅ ရက်နေ့ဆိုရင် ရုံတင်ပြသသွားမှာပါ။
မြင့်မြတ် က မကြာခင်ရုံတင်ပြသတော့မယ့် မှော်ကျောက်စာရုပ်ရှင်ဇာတ်ကားကြီး နဲ့ ပတ်သက်တဲ့ ရယ်စရာ အမှတ်တရတွေကို ပြောပြ လာပါတယ်။ ရိုက်ကူးနေတဲ့ အချိန်မှာလည်း ဇာတ်ကားနာမည်တွေ ခဏခဏ ပြောင်းဖြစ်တဲ့ အကြောင်းကိုလည်း စက်တင်ဘာလ ၂၇ ရက်နေ့ညက မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကား အထူးပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' ရိုက်တုန်းကတော့ မှော်ကျောက်စာပါ။ ညပိုင်းဇာတ်ဝင်ခန်းတွေ များလာတော့ မှော်ကြောက်စရာဖြစ်လာပါတယ်။ အဲ့ဒီမှာမှ ထပ်ဆင့်ပွား ပြီးတော့ မိုးတွေလင်းတဲ့နေ့တွေလည်း များတယ်။ အဲ့ဒီတော့ မှော်မိုးလင်း၊ ထမင်းတွေလည်း ငတ်တော့ မှော်ထမင်းငတ်။ တဖြည်းဖြည်းဆင့်ကဲ ဆင့်ကဲနဲ့ ရိုက်ကူးနေတဲ့ လအတွင်းမှာ နာမည်လည်း ၄မျိုးလောက် ပြောင်းသွားပါတယ်'' လို့ဆိုပါတယ်။
မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားထဲမှာ မြင့်မြတ်ကတော့ အိမ်ရှေ့မင်းသား ရကာဝေ အနေနဲ့ရော ဒီနေ့ခေတ်ပုံစံ လူငယ်တစ်ဦးဖြစ် တဲ့ ဒီသောင် ဆိုတဲ့ ဇာတ်ကောင်နေရာ ၂ နေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဟာသ၊ အချစ်၊ အိမ်ထောင်ရေးဇာတ်ကားတွေနဲ့ အမြဲတမ်းထိတွေ့နေရတဲ့ ပရိသတ်တွေအတွက်တော့ မှော်ကျောက်စာရုပ်ရှင်ဇာတ်ကား အသစ်အဆန်း တစ်ခုဖြစ်မယ်လို့ သိရပါတယ်။
ပရိသတ်အမြင်လွဲနေတဲ့ ဓာတ်ပုံကို ပြန်ဖြေရှင်းလိုက်တဲ့ဖြိုးငွေစိုး
မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၅ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ် အပါအဝင် ထွန်းထွန်း၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ မေမြင့်မိုရ်၊ ထူးခြား နဲ့ မေသန်းနုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးတာဖြစ်ပြီး Media 7 Production က ထုတ်လုပ်တာဖြစ်ပါတယ်။
မြင့်မြတ်ဟာ ပေးလာတဲ့ ကာရိုက်တာတိုင်းအပေါ် အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်သူဖြစ်ပါတယ်။ အက်ရှင်ဇာတ်ရုပ်တွေမှာလည်း ပရိသတ် အကြိုက်နဲ့ ထပ်တူကျခဲ့သလို၊ ဟာသဇာတ်ကား၊ အချစ်ဇာတ်ကား၊ ဒရာမာ ဇာတ်ကားတွေမှာလည်း ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်ခဲ့သူပါ။ လက်ရှိမှာတော့ သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ဆက်တိုက်ဆိုသလို ရုံတင်ပြသလျှက်ရှိပါတယ်။