အလေးအနက် ထားကြလို့လည်း အရမ်းပျော်တယ်။

ပိုင်တံခွန်ကတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေဟာ သူအရမ်းကြိုက်တဲ့ ရေမွှေးရနံ့လေးတွေကိုပါ မှတ်ထားပေးတာကြောင့် အရမ်းပျော်တယ်လို့ ဆိုပါတယ်။ 

Photo: Paing Takon



ပိုင်တံခွန်ဟာ သူ့ရဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေထဲမှာ အကြိုက်ဆုံး တစ်ခုကတော့ ရေမွှေးပါပဲလို့ဆိုပါတယ်။ ဒီရေမွှေး ရနံ့လေးရလိုက်တိုင်း ပိုင်တံခွန်ဆိုတာကို ပရိသတ်တွေက မှတ်ထားပေးကြတယ်လို့ Duwun ကနေ ပြောလာပါတယ်။ 

“ ကျွန်တော်က ကိုယ့်ချွေးရနံ့နဲ့ လိုက်ဖက်တဲ့ ရေမွှေးမျိုးကို သုံးရတာ ကြိုက်တယ်။ အဝတ်အစားမှာ စွတ်တာ မဟုတ်ပဲ အသားမှာ စွတ်တဲ့အတွက် ကိုယ့်ရဲ့ သွေးကြောလေးတွေကနေတဆင့် ရနံ့လေးတွေက စွဲသွားတာကိုနှစ်သက်တယ်။ ကျွန်တော် ပရိသတ်တွေကြားထဲ ရောက်သွားတုန်းကဆိုရင် တစ်ယောက်ယောက်က ရေမွှေးနံ့လေး သူ့ရဲ့ ရေမွှေးနံ့လေးရလိုက်တယ် လို့ပြောသံ ကြားလိုက်တော့လေ အရမ်းဝမ်းသာသွားတယ်။ ဒီရေမွှေး ရနံ့ ရလို့ ငါဆိုတာ ဘယ်လိုလုပ် သိသလဲလို့ တွေးသေးတယ်။ ပရိသတ်က အလေးအနက်ထားပြီး မမှတ်မိပေးတာကို ဝမ်းသာတာပါ” ဆိုပြီးတော့ ဇူလိုင် ၃၁ ရက်နေ့ ညက Bella ရေမွှေးအသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Paing Takon

ပိုင်တံခွန်က ရေမွှေး အမျိုးအစား တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲ သုံးတတ်တယ်လို့ ဆိုပါတယ်။ သူအကြိုက်ဆုံး ရေမွှေးနဲ့ ပတ်သက်ပြီး မမေ့နိုင်တဲ့ အမှတ်တရလေး ရှိခဲ့တဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ ကျွန်တော်က ရေမွှေးနဲ့ ပတ်သက်လာရင် အမြဲတမ်း တစ်ခုတည်းပဲ သုံးလေ့ရှိတယ်။ သုံးတာလည်းတော်တော်ကို ကြာပြီ။ ရေမွှေးနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရဆိုရင် ကျွန်တော် အရမ်းကြိုက်တဲ့ ရေမွှေးဗူးလေး လက်ဆောင်ရပြီး နှစ်ရက်မှာပဲ ကျကွဲသွားတော့ ဘယ်ရေမွှေးမှ မထိချင်တော့လောက်အောင် စိတ်နာသွားခဲ့ဖူးတယ်။ အခုချိန်ထိတော့ ကောင်မလေးတွေဆီကလည်း ရေမွှေးလက်ဆောင် တစ်ခါမှ မရဖူးသေးပါဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Paing Takon

ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က