မက်ဂရီဂေါအနေနဲ့ MMA လောကက အနားယူခဲ့ပြီလို့ ကြေညာခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ဖူးတဲ့ မေဝယ်သာကို ဒုတိယအကြိမ် ပြန်လည်စိန်ခေါ်လာခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ MMA ကစားသမားဘဝက အနားယူပြီလို့ ကြေညာခဲ့တဲ့ ကမ္ဘာကျော် ဖိုက်တာ မက်ဂရီဂေါက သူ့အနေနဲ့ ဘောင်ဆင်လောကမှာ နာမည်ကျော်တဲ့ ကမ္ဘာကျော် လက်ဝှေ့သမား မေဝယ်သာ ကို ထိုးသတ်ဖို့ စိန်ခေါ်လာခဲ့ပါတယ်။
ဒီစိန်ခေါ်မှုကိုတော့ သူ့ရဲ့ တွစ်တာ စာမျက်နှာထက်မှာ ရေးသားဖော်ပြလာခဲ့တာ ဖြစ်ပြီး မေဝယ်သာနဲ့ ပထမ ထိုးသတ်ခဲ့တဲ့ပွဲမှာ မက်ဂရီဂေါအနေနဲ့ အရေးနိမ့်ထားခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဂရီဂေါအနေနဲ့ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ခါဘစ်နဲ့ UFC MMA ပွဲမှာလည်း ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုပါ ပွဲအပြီးမှာ MMA ဖိုက်တာ ဘဝက အနားယူခဲ့ပြီလို့ ကြေညာခဲ့တာပါ။
ဒါပေမယ့်လည်း လေ့ကျင့်မှုတွေကိုတော့ ဆက်တိုက် ပြုလုပ်လျက်ရှိနေပြီး ယခုအခါမှာတော့ လက်ဝှေ့ကျော် မေဝယ်သာကို ပြန်လည်စိန်ခေါ်မယ်လို့ တွစ်တာကတဆင့် ရေးသားဖော်ပြလာတာပါ။
အခုလို စိန်ခေါ်မှုကိုတော့ ပြီးခဲ့တဲ့ စနေနေ့က လူဝကြီး ရုဇ် ကို ရှုံးနိမ့်ခဲ့တဲ့ ဂျိုရှုအာရဲ့ပွဲအပြီးမှာ ထုတ်ဖော်ခဲ့တာ လို့လည်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။
“ဘောက်ဆင်ဆိုတာ တကယ်ကြီးကျယ်ပါတယ်၊ နောက်ပရော်ဖက်ရှင်နယ် လမ်းစတစ်ခုကို ကျွန်တော်သွားပါ မယ်၊ နောက်ပြီး မေဝယ်သာကို နောက်တစ်ကြိမ် ပြန်စိန်ခေါ်ထိုးသတ်ပါမယ်။ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ကျွန်တော့် MMA စည်းမျဉ်းတွေအတိုင်း ထိုးသတ်သွားမှာပါ။” လို့ မက်ဂရီဂေါက သူ့ရဲ့ လူမှုကွန်ရက် တွစ်တာ စာမျက်နှာထက်မှာ ရေးသားဖော်ပြလာတာပါ။
မက်ဂရီဂေါအနေနဲ့ မေဝယ်သာကို ၁၀ ချီမြောက်မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒုတိယကြေးအကြီးဆုံး လက်ဝှေ့ပွဲလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မေဝယ်သာကလည်း မက်ဂရီဂေါအနေနဲ့ နောက်တစ်ကြိမ် ပြန်လည် ရင်ဆိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာ သိမှာပါ ဆိုတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။