ဒီနေ့မှာ အသက် ၂၄ နှစ်ပြည့်ပါပြီ။

ဇွန်သံစဉ်က ဒီနေ့(ဇွန်လ ၂၆) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့အလှူကိုတော့ နေရာ ၃ နေရာမှာ ကျင်းပပြုလုပ်နေတာ တွေ့ရပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကတော့ သရုပ်ဆောင် အလှမယ် ဇွန်သံစဉ်ရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရ အနေနဲ့ ကျိုက္ကလို့ ဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာဒုံ အထူးကုဆေးရုံနဲ့ Golden Heart ခွေးကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာတို့မှာ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ သူမရဲ့မိသားစုတွေနဲ့အတူ မင်္ဂလာဒုံ အထူးကုဆေးရုံမှာရှိတဲ့ ဝန်ထမ်းများ၊ လူနာများအတွက် မနက်စာ၊ နေ့လည်စာနဲ့ ညစာ စတဲ့ တစ်နေ့တာအလှူ ကျွေးပြီး ကုသိုလ်ယူခဲ့တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' မေမေ တို့ဆီကတော့ လက်ဆောင်ရပြီးသွားပြီ။ လက်စွပ်တွေ၊ နားကပ်တွေ ပေးကြတယ်။ ညကျရင်တော့ သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲလေး လုပ်ဖို့ စီစဉ်ထားပါတယ်။ သူတို့တွေစီက မွေးနေ့လက်ဆောင် ဘာရမလဲတော့ မသိသေးဘူး။ အသက် တစ်နှစ်ကြီးလာလေ ပိုရင့်ကျက်လေပါပဲ။ ပျော်လည်းပျော်တယ်။ မွေးနေ့မှာ ဒီလို လှူတာလေးတွေကလည်း မင်္ဂလာဒုံအထူးကုဆးရုံမှာ လှူဖြစ်တာက ဖေဖေက မင်္ဂလာဒုံအထူးကုဆေးရုံအုပ် ဖြစ်လို့ အမြဲတမ်းလှူဖြစ်တယ်'' လို့ဆိုပါတယ်။

အဲဒီနောက်မှာတော့ ကျိုက္ကလို့ဘုန်းတော်ကြီးကျောင်းမှာ သံဃာတော် တွေကိုလည်း အာရုံဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်အလှူတစ်ခု အနေနဲ့ Golden Heart ခွေးကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ ရှိတဲ့ ခွေးအကောင် ၆၅၀ စာတို့အတွက် ငွေကျပ် ၂ သိန်း ကုန်ကျစာရိတ်အဖြစ် ထမင်းနဲ့ အမဲသားများကိုလည်း ကျွေးခဲ့တာ တွေ့ရပါတယ်။

ဇွန်သံစဉ်ဟာ Miss Universe Myanmar 2017 ဆုကို ရရှိထားသူတစ်ယောက်ပါ။ အဲဒီနောက်မှာတော့ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်လောကထဲကို ‘’ရတနာပုံ’’ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူူးရင်း စတင်ဝင်ရောက်လာခဲ့တာပါ။ အခုလက်ရှိမှာလည်း သူမဟာ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေနဲ့ Fashion နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က