နော်ဝေကလပ်ပြိုင်ပွဲက မတ်လမှစတင်မှာ ဖြစ်တဲ့အတွက် ဆိုးလ်ရှားက နော်ဝေးကလပ် မိုလ်ဒီအသင်းကနေ မန်ယူအသင်းကို ယာယီလာရောက်နည်းပြနေတာ ဖြစ်ပါတယ်။
မန်ယူအသင်းမှာ ယာယီနည်းပြလာလုပ်နေတဲ့ ဆိုးလ်ရှားကို ကိုယ်ပိုင်အသင်းဖြစ်တဲ့ နော်ဝေးလ်ကလပ် မိုလ်ဒီ အသင်းက ပြန်မလာနဲ့တော့လို့ ပြောလိုက်ပြီ ဖြစ်တယ်လို့ ဆိုးလ်ရှားက မီဒီယာကို ကိုယ်တိုင် ထုတ်ဖော်ပြောခဲ့ပါတယ်။
ဒီသတင်းကိုတော့ sky sports သတင်းဌာနက ဖော်ပြလာတာဖြစ်ပြိး ဆိုးလ်ရှားအနေနဲ့ မန်ယူကို ကစားသမား နည်းတူ အငှားနဲ့ လာရောက်နည်းပြနေတာ ဖြစ်ပြီး မူလပိုင်ဆိုင်ထားတဲ့ မိုလ်ဒီအသင်းက ယခုအခါမှာပြန်မလာ တော့ဖို့ ပြောခြင်းခံခဲ့ရတာပါ။
“ ကျွန်တော် မိုလ်ဒီအသင်းပိုင်ရှင်နဲ့ ဆက်သွယ်စကားပြောတဲ့အခါမှာသူက ကျွန်တော့်အိပ်မက်ကိုသိနေပါ တယ်။ သူကကျွန်တော်ကို့ ဟိုမှာပျော်နေပါ ကျေးဇူးပြုပြီး ပြန်မလာပါနဲ့တော့လို့ပြောလိုက်ပါပြီ။” လို့ ဆိုးလ်ရှား က မီဒီယာကို ထုတ်ဖော်ပြောခဲ့တာပါ။
ဆိုးလ်ရှားအနေနဲ့ မန်ယူမှာ ၈ ပွဲဆက် နိုုင်ပွဲရယူပြီး ယာယီနည်းပြတစ်ယောက်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ပြသ ထားနိုင်ပြီး လက်ရှိမှာ ၉ ပွဲကစားပြီးချိန်ထိ ရှုံးပွဲလုံးဝမရှိသေးပဲ ဒီကနေ့မှာလည်း လက်စတာအသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။
ဆိုးလ်ရှားအခုလို မိုလ်ဒီအသင်းကို ပြန်သွားလို့ မရတော့တာက အခြားတစ်ဖက်မှာ မန်ယူအသင်းအနေနဲ့ ဆိုးလ်ရှားကို ယာယီနည်းပြ ရာထူးကနေ အမြဲတမ်း နည်းပြရာထူးကို တိုးမပေးခဲ့ဘူးဆိုရင် ဆိုးလ်ရှားတစ်ယောက် အလုပ်လက်မဲဖြစ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရပါပြီ။
အခြားတစ်ဖက်မှာတော့ မန်ယူအသင်းအနေနဲ့ ဆိုးလ်ရှားကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရယူထားနိုုင်ပြီလားဆိုတာကလည်း စိတ်ဝင်စားဖွယ် သတင်းတစ်ရပ်အဖြစ် ရှိနေပါတယ်။