ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်ပါတော့မယ်။
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတာကြောင့် နောက် ၂ ရက်အတွင်း မြန်မာနိုင်ငံမှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ခြေရှိတယ်လို့ သိရပါတယ်။

Photo - မိုးလေဝသနှင့် ဇလဗေဒညွှန့်ကြားမှုဦးစီးဌာန

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း မှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာနေပြီး၊ နောက်(၇၂)နာရီအတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်တာကြောင့် မိုးရွာနိုင်ချေရှိတယ်လို့ မိုးလေဝသပညာရှင်ဦးထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဧပြီလ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်မှာ တိုင်းတာချက်အရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ကနေ တိမ်ထူထပ် နေပြီး၊ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။တစ်နိုင်ငံလုံး အပူချိန်မြင့်တက်နေသလို ခရမ်းလ ွန်ရောင်ခြည် အညွှန်းကိန်းကလည်း လွန်ကဲအဆင့်မှာရှိနေပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် တနင်္သာရီ တိုင်းဒေသကြီး တွေမှာ မိုးရွာနိုင်ချေရှိနေပြီး ကျန်ဒေသတွေမှာတော့ တိမ်ထူနေမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က