အခုအသုံးပြုနေတဲ့ မိလ္လာစနစ်ဟာ နှစ် ၁၃၀ ကျော်ရှိနေပါပြီ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နောက်ဖေးလမ်းကြား ရေမြောင်းရှိတဲ့နေရာတွေမှာ မိလ္လာ သန့်စင်စနစ်ကို အသုံးပြုနေပြီး ဒီထက်ပိုပြီးသင့်တော်တဲ့စနစ် ထင်ပြလာရင် ခွင့်ပြုပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

(ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားမြင်ကွင်း )



စမ်းချောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးက မိလ္လာရေပုပ်စုပ်စနစ် Treatment (Up-Flow System) နဲ့ ဆောင်ရွက်မှုကို ရေစီး ရေလာကောင်းမွန်ပြီး အိမ်ရှေ့၊ အိမ်နောက် ရေမြောင်းများမရှိတဲ့ မြို့နယ် ရပ်ကွက်တွေမှာ အခြားစနစ်နဲ့ ပြောင်းလဲသုံးစွဲဖို့ အစီအစဉ်ရှိ၊မရှိမေးမြန်းရာ မြို့တော်ဝန်က ဖြေကြားခဲ့တာပါ။

နောက်ဖေးလမ်း ကြား ရေမြောင်းမရှိတဲ့ ရပ်ကွက်တွေမှာ နေရာပေါ်မူတည်ပြီး မိလ္လာသန့်စင် စနစ်ထက်ပိုပြီးတော့ သင့်တော်တဲ့ စနစ်နဲ့ ဆောင်ရွက်လိုကြောင်း တင်ပြလာပါက ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ပြောင်းလဲခွင့်ပြုသွားမယ့် ကိစ္စကို အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန် ကြေငြာသွားမှာ ဖြစ်ပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လက်ရှိကျင့်သုံးပြီး ခွင့်ပြုပေးနေတဲ့ မိလ္လာသန့်စင်စနစ် Treatment System (Septic Tank with Upflow) ကို အိမ်ရှေ့၊ အိမ်နောက်မြောင်းတွေရှိပြီး ရေစီးရေလာ ကောင်းမွန်တဲ့ နေရာတွေမှာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးက ဆက်လက်ပြောကြားခဲ့ပါတယ်။

 ရန်ကုန်မြို့ရဲ့ ရေဆိုးသန့်စင်ခြင်းနဲ့ မိလ္လာစနစ် အ ဆင့်မြှင့်စီမံကိန်း (Master Plan)များကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင် စီ (JICA)နှင့် အစိုးရအဖွဲ့ပူးပေါင်း ရေးဆွဲထားပြီး ဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတစ်ခုမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖြေကြားခဲ့ဖူးပါတယ်။

ရန်ကုန်မြို့တွင်း ခြောက်မြို့ နယ်မှာ အသုံးပြုနေတဲ့ မိလ္လာ စနစ်ဟာနှစ် ၁၃၀ ကျော် သက်တမ်းရှိနေပြီး ရေဆွဲအား သုံးတဲ့မိလ္လာပိုက်တွေ၊ လေဖိ အားသုံးသည့် မိလ္လာပြွန်မကြီး များ၊ မိလ္လာတွန်းစက်အိုး ၃၅ လုံး နှင့် လေမှုတ်စက်ရုံနှစ်လုံးကို အ သုံးပြုကာ ရေဆိုးသန့်စင်စက်ရုံတွေမှာ သန့်စင်ပြီးအရည်ကြည်တွေကို မြစ်အတွင်း စွန့်ပစ်ရသည့်စနစ်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က