သူထူးစံနဲ့ အမှတ်တရတွေ ပြောလာပါတယ်။

ဝေဠုကျော်ကတော့ မပြောမဆိုနဲ့ အိမ်ထောင်ပြုသွားတဲ့ သူထူးစံရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သူထူးစံ ကိုယ်တိုင်ကလည်း ဝေဠုကျော်ကို အစစအရာရာအဆင်ပြေပါစေလို့ ဆုတောင်းခဲ့ပါသေးတယ်။

Photo: Thu Htoo San



ဝေဠုကျော်ကတော့ သူ့ထက်အရင် အိမ်ထောင်ပြုသွားတဲ့ သူထူးစံရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ အတူတူပေါင်းလာတာကြာပြီ မိန်းမယူတာတောင် မသိလိုက်ဘူးဆိုပြီးတော့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သူ ကျွန်တော်နဲ့ ဒီတစ်လောမှာ တော်တော်တွဲတယ်။ ဇာတ်ကားရိုက်တွေလည်း အတူတူပဲ၊ ရေငုပ်တော့လည်း အတူတူပဲ ။ ကုန်းပေါ်မှာတင်မဟုတ်ပဲ ရေထဲမှာပါ ပေါင်းတာ ဒါပေမယ့် မိန်းမယူတာ ကျွန်တော် မသိလိုက်ဘူး။ ဖိတ်စာရောက်တော့မှ အစ်မက ပြောတယ်။ သူထူးစံ မင်္ဂလာဆောင်ပြီပေါ့။ မဖြစ်နိုင်ဘူးလို့ထင်လိုက်တာ ဖိတ်စာကြည့်လိုက်တော့မှ ဟာ ဒီကောင် ငါ့ကိုမပြောပဲလုပ်သွားတယ်။ ဒီကောင် ကြိတ်ကြံတာ။ ထိုင်ငိုတာပေါ့ ကိုယ်က အရင်ယူရမှာကို နောက်ကားကျော်တက်သွားတယ်ပေါ့။’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Thu Htoo San Crazy

အဲဒီနောက် သူထူးစံကလည်း သူ့ရဲ့ မင်္ဂလာပွဲအတွက် လျှို့ဝှက်ထားတာ မဟုတ်ပဲ အကြောင်းအရင်းမတိုက်ဆိုင်လို့သာ မပြောဖြစ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ အဲဒီနောက် ဝေဠုကျော် ကိုလည်း အစစအရာရာ အဆင်ပြေစေဖို့ ဆုတောင်းစကားဆိုခဲ့ပါတယ်။

‘’ သူကတော့ ကျွန်တော့်အတွက် စီနီယာ အစ်ကိုကြီးပါပဲ။ ကောင်းတာတွေလည်း အများကြီးလုပ်ခဲ့ဖူးသလို မကောင်းတာတွေလည်း လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူကတော့ ဘာဖြစ်လို့ ဒုက္ခရောက်နေတာလဲ မသိဘူး။ ကျွန်တော့် အစ်ကိုကြီးကိုလည်း အရာရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Win Studio

သရုပ်ဆောင် သူထူးစံနဲ့ မော်ဒယ်ထိုက်ဆုဝင်းတို့ကတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တုန်းကတော့ နေပြည်တော်မြို့ရှိ ငွေတောင် တောရ စာသင်တိုက်မှာ နှစ်ဖက်မိဘ စုံညီစွာနဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် မဟာဗောဓိ ကျောင်းတိုက်နဲ့ ပရဟိတ ကိုယ်ပိုင်အထက်တန်းကျောင်း မှာလည်း မင်္ဂလာဦးအလှူတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo: Wai Lu Kyaw

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က