လော့ဖ်တက်ချိခ်ရဲ့သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယနေ့ည ၇ နာရီ ၃၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာဒစ်စီးတီးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး ချယ်ဆီးအသင်းက အိမ်ရှင်ကာဒစ်စီးတီးအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ၄၆ မိနစ်မှာ ဟယ်ရီအာတာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ကာမာရာဆာက ကာဒစ်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။



ဒုတိယပိုင်းမှာ ချယ်ဆီးအသင်းဟာ အီဒင်ဟာဇက်၊ လော့ဖ်တက်ချိခ်၊ ဂီရော့ဒ်တို့ကို လူစားဝင်ကစားစေခဲ့ပြီး ၈၄ မိနစ်မှာ မားကို့စ်အလွန်ဆိုရဲ့ ဖန်တီးပေးပို့မှုကနေ အက်ဇ်ပလီကူတာက ချယ်ဆီးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ကာဒစ်စီးတီးအသင်းဟာ လူစားလဲလှယ်မှုတွေ ပြုလုပ်ပြီး အိမ်ကွင်းမှာ ချယ်ဆီးအသင်းဆီက ရမှတ်ခွဲဝေယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လူစားဝင်ကစားခဲ့တဲ့ လော့ဖ်တက်ချိခ်က ဝီလီယံရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းဟာ ယနေ့ညမှာ နယူးကာဆယ်ယူနိုက်တက်နဲ့ ယနေ့ညမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က