မုတ်သုံလေ ဆက်လက်အားကောင်းနေပါတယ်။

ကမ်းရိုးတန်းတစ်လျှောက်မြစ်ငယ်၊ ချောင်းငယ်အနီးမှာ နေထိုင်တဲ့သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့ လိုအပ်သလို လက်ရှိမှာလည်း ရွှေကျင်မြစ်၊ ပဲခူးမြစ်နဲ့ ဘီးလင်းမြို့တို့ကလည်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီလို့ မိုလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်ကပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေတာကြောင့် နောက် (၂၄)နာရီအတွင်းမြန်မာနိုင်ငံအနှံ့အပြားမှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝဒနှင့်ဇလဗေဒညွှတ်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအနေနဲ့မိုးကြီးနိုင်တာကြောင့် မြစ်ရေတွေကလည်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်သလို ကျော်လွန်နိုင်တယ်လို့လည်း သိရပါတယ်။

“ ကပ္ပလီပင်လယ်ပြင် မုတ်သုံလေအားကောင်းနေတာကြောင့် ရေပြင်အခြေအနေရဲ့လှိုင်းအမြင့်တွေနဲ့ လေတိုက်နှုန်းတွေကိုကော သတိပေးထားတယ်။ မုတ်သုံလေအားကောင်းပြီဆိုတော့ ကမ်းရိုးတန်းတွက မိုးကြီးမှာပေါ့နော်၊ လေလည်းပြင်းတာပေါ့။ မြန်မာနိုင်ငံနေရာအနှံ့မိုးကြီးနိုင်တယ်ဆိုတော့ မြစ်ရေအခြေအနေတွေကိုလည်းသတိထားဖို့လိုတယ်” လို့ မိုလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။

ကမ်းရိုးတန်းတစ်လျှောက်မြစ်ငယ်၊ ချောင်းငယ်အနီးမှာ နေထိုင်တဲ့သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့ လိုအပ်သလို လက်ရှိမှာလည်း ရွှေကျင်မြစ်၊ ပဲခူးမြစ်နဲ့ ဘီးလင်းမြို့တို့ကလည်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီလို့ ဒေါ်ခင်ချိုချိုရှိန်ကပြောပါတယ်။

ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်ခတ်ခြင်းနဲ့အတူ မိုးကြီးနိုင်တာကြောင့် တစ်နာရီကို ပင်လယ်မိုင်ရေပြင်ဟာ မိုင်(၄၀)ထိတိုက်ခိုက်နိုင်သလို လှိုင်းအမြင့်က (၉)ပေမှ(၁၃)ပေထိမြင့်တက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။ 

Share

Loading Next Article...
က္က