Huawei မိတ်ဘက်လုပ်ငန်း ၄၆ ခုကိုလည်း ထပ်ပြီး ကန့်သတ်လိုက်ပါတယ်

အမေရိကန်အစိုးရဟာ Huawei ကို အမေရိကန် suppliers တွေဆီက ပစ္စည်းတွေ ဝယ်ယူဖို့နောက်ထပ် ရက်ပေါင်း ၉၀ ထပ်တိုးပေးလိုက်တယ်လို့ဆိုပါတယ်။

ယာယီအထွေထွေ လိုင်စင် သက်တမ်းတိုးပေးလိုက်ခြင်းကြောင့် အမေရိကန်က လက်ရှိ Huawei ဖောက်သည်ဟာ အပြည့်အဝ Blacklist မဖြစ်ခင်အထိ Huawei ရဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ရရှိဦးမှာ ဖြစ်တယ်လို့Reuters သတင်းက ဖော်ပြထားပါတယ်။ ယခုလို ထပ်မံဖြေလျှော့မှုကြောင့် Huawei ဟာ တယ်လီကွန်းကွန်ရက် ထိန်းသိမ်းမှု နဲ့ဈေးကွက်ထဲ ရောက်နေတဲ့ Huawei စမတ်ဖုန်းတွေမှာ ဆော့ဖ်ဝဲလ် update ပေးမှုကို နိုဝင်ဘာ ၁၉ ရက်နေ့အထိ လုပ်ဆောင်နိုင်မှာပါ။

Photo: Engadget


Huawei ပေါ် လိုင်စင်သက်တမ်း ထပ်တိုးခြင်းကို အမေရိကန်ကုန်သွယ်ရေး အတွင်းဝန် ဝီလ်ဘာ ရော့စ်က သြဂုတ်လ ၁၉ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။ ယခုနှစ် မေလ ၁၅ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမျိုးသားအဆင့် အရေးပေါ် အခြေအနေတစ်ရပ်ကို ကြေညာခဲ့ပြီးနောက် အမေရိကန်ကုန်သွယ်ရေးဌာနဟာ Huawei Technologies နဲ့အတူ ယင်းနဲ့ဆက်စပ်လက်တွဲ လုပ်ဆောင်နေတဲ့ ကုမ္ပဏီများကို ပိတ်ပင်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့မှာတော့ Huawei ပေါ် ချမှတ်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို ရက် ၉၀ ဆိုင်းငံ့မှု လုပ်ဆောင်ခဲ့ပါတယ်။ ီလုပ်ဆောင်ချက်ဟာ သြဂုတ်လ ၁၉ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။တကယ်တမ်း သြဂုတ်လ ၁၉ ရက်နေ့ရောက်ချိန်မှာ နောက်ထပ် သုံးလ ( ရက်၉၀) သက်တမ်း ထပ်တိုးပြီး ယာယီ အထွေထွေလိုင်စင်ထုတ်ပေးလိုက်တာပါ။

ရော့စ်ကတော့ အမေရိကန်က ဖောက်သည်တွေ ကမောက်ကမဖြစ်မှု နည်းအောင်လို့အခုလို ဆုံးဖြတ်လိုက်တာလို့ပြောပါတယ်။ Huawei ရဲ့ တယ်လီကွန်းကွန်ရက်တွေဟာ ကျေးလက်ဒေသတွေမှာ အများဆုံး ရှိနေတာပါ။ " ကျွန်တော်တို့ကတော့ သူတို့ဘာသာ ရပ်တည်နိုင်ဖို့အတွက် အချိန်နည်းနည်း ထပ်ပေးလိုက်တာပါပဲ" လို့ရော့စ်က Fox Business Network ကို ပြောပါတယ်။

Photo: arstechnica


Reuters သတင်းအရ အမေရိကန်အစိုးရဟာ နောက်ထပ် Huawei မိတ်ဘက်လုပ်ငန်း ၄၆ ခုကို စီးပွားရေးပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာ စီးပွားရေး Blacklist အဖြစ် ကန့်သတ်ခံရတဲ့ Huawei မိတ်ဘက်လုပ်ငန်းပေါပင်း ၁၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

Huawei ကတော့ နောက်ထပ် ရက် ၉၀ ဆိုင်းငံ့ကင်းလွတ်မှုဟာ မမျှတစွာ ဆက်ဆံမှုကို အပြောင်းအလဲ မဖြစ်စေကြောင်းနဲ့နောက်ထပ် Huawei မိတ်ဘက်လုပ်ငန်း ၄၆ ခု ကန့်သတ်လိုက်တဲ့ အမေရိကန်ကုန်သွယ်ဌာနရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲံပါတယ်။

Share

Loading Next Article...
က္က