ပုံစံကောင်းရနေတဲ့ချဲလ်ဆီးအသင်းရဲ့အခြေအနေက အိမ်ရှင်အသင်းအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာမှာပါ။ တစ်ပွဲချင်း တစ်ပွဲချင်းကစားပုံကောင်းလာတဲ့ ချဲလ်ဆီးရဲ့အခြေအနေ က အသင်းတိုင်းကိုစိန်ခေါ်နိုင်တယ်လို့ဆို နိုင်ပေမယ့် ခံစစ်ကတော့ လိုအပ်ချက်ရှိနေဆဲပါပဲ။ ဆောက်သမ်တန်ကတော့ တိုက်စစ်ကစားသမားကောင်းမရှိ ခြင်းနဲ့အတူ တိုက်စစ်က ဂိုး တစ်ဂိုးရဖို့ကို ရုန်းကန်နေရဆဲပါ။ အပြန်အလှန်သွင်းဂိုးဆိုတာ ချဲလ်ဆီးရဲ့တစ်ဖက်သ ပ်သွင်းဂိုးတွေကို ပိုပြီးမြင်တွေ့ရလေ့ရှိတဲ့ အစဉ်အလာကို ထပ်ပြီးမြင်တွေ့ခွင့်ရဦးမလားဆိုတာ ကတော့ . . .။
ဆောက်သမ်တန် Vs ချဲလ်ဆီး
ထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ဝ-၀ ဆောက်သမ်တန်
ဆောက်သမ်တန် ဝ-၃ ချဲလ်ဆီး
ချဲလ်ဆီး ၂-၀ ဆောက်သမ်တန်
ဆောက်သမ်တန် ၂-၃ ချဲလ်ဆီး
ချဲလ်ဆီး ၁-၀ ဆောက်သမ်တန်
ဆောက်သမ်တန်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
စပါး ၂-၁ ဆောက်သမ်တန်
ဆောက်သမ်တန် ၁-၃ ဘုန်းမောက်
ရှက်ဖီးလ်ယူနိုက်တက် ဝ-၁ ဆောက်သမ်တန်
ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
ချဲလ်ဆီး ၂-၀ ဘရိုက်တန်
ချဲလ်ဆီး ၁-၂ လီဗာပူး
ဝုလ်ဗာဟမ်တန် ၂-၅ ချဲလ်ဆီး
နှစ်ဖက်အသင်းသတင်းများ
- ဆောက်သမ်တန်ရဲ့ ဒဏ်ရာရစာရင်းမှာ အဓိက,ကစားသမားအများစုမပါဝင်ပေမယ့် ကြံ့ခိုင်မှုပိုင်းလိုအ ပ်ချက်ရှိသူများပြားနေ။
- ချဲလ်ဆီးကတော့ လော့ဖ်တပ်ချိဖ်၊ အီမာဆန်၊ ရူဒီဂါတို့ကလွဲပြီး ကျန်ကစားသမားအားလုံးဒဏ်ရာပြဿ နာကင်းနေခဲ့။
- စပါးအသင်းကိုအရေးနိမ့်ခဲ့တဲ့ပွဲစဉ်က လူစာရင်းတိုင်း ဆောက်သမ်တန်တို့ပွဲထွက်လာနိုင်ပြီး ရက်မွန့်ဒ်နဲ့ ဒန်နီအင့်စ်တို့ဦးဆောင်လာနိုင်။
- ၄-၃-၃၊ ၄-၄-၂ ကစားကွက်ကို အလျင်းသင့်သလိုအသုံးပြုနေတဲ့ ချဲလ်ဆီးတိုက်စစ်ကို အေဘရာဟင်၊ဝီ လျံ၊ ပက်ဒရိုတို့ပဲ ဦးဆောင်လာဖွယ်ရှိနေ။
ပွဲကြိုအချက်အလက်
- -ဆောက်သမ်တန်အနေနဲ့ နောက်ဆုံး ၆ပွဲမှာ ၃ပွဲနိုင် ၂ပွဲရှုံး ၁ပွဲသရေရလဒ်ရရှိထားပြီး ၉ဂိုးသွင်း ၅ဂိုးပြန် ပေးထားရ။
- အစဉ်အလာအရနောက်ဆုံး ၇၄ကြိမ်ထိပ်တိုက်တွေ့ဆုံမှု ဆောက်သမ်တန်က ၁၉ကြိမ်နိုင်၁၉ကြိမ်သရေ ကျထားပြီး ချဲလ်ဆီးက ၃၆ကြိမ်အနိုင်ရရှိထားခဲ့။
- ချဲလ်ဆီးအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင် ၄ပွဲနိုင် ၂ပွဲရှုံးထားပြီး ၁၇ဂိုးသွင်းထားပြီး ၇ဂိုးပြန်ပေးထားရ။
- ဆောက်သမ်တန်အနေနဲ့ ချဲလ်ဆီးကိုရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ ၅ပွဲအထိ ရှိနေ။
ဖြစ်နိုင်ဖွယ်လူစာရင်း
ဒဏ်ရာရ/ပွဲပယ်
ဆောက်သမ်တန်- ဂျီနီပို၊ ဆီဒရစ်၊ မက်ကာသီ။
ချဲလ်ဆီး - လော့ဖ်တပ်ချိဖ်၊ ရူဒီဂါ၊ အီမာဆန်။
မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်
ချဲလ်ဆီးကတော့ ပုံစံကောင်းအစစ်အမှန်ကိုရနေပြီလို့ ဆိုရမှာပါ။ လမ်းပတ်အနေနဲ့ကလည်း လမ်းကြောင်းမှန်အ ပေါ်ရောက်နေခဲ့ပါပြီ။ ဆောက်သမ်တန်ကတော့ အိမ်ကွင်းမာတယ်ဆိုပေမယ့် တိုက်စစ်ပိုင်းကတော့အားရစရာမ ရှိသေးတာတော့အမှန်ပါ။
ခန့်မှန်းရလဒ် - ဆောက်သမ်တန် ၁-၂ ချဲလ်ဆီး