နယူးကာဆယ်နဲ့မန်ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ်ရင်ဆိုင်ကစားကြမှာပါ။

နှစ်သင်းလုံးရဲ့အခြေအနေက နိုင်ပွဲရဖို့အတွက် ရုန်းကန်နေရဆဲလို့ပဲပြောရမှာပါ။ နယူးကာဆယ်အနေနဲ့ကတော့ ပုံမှန်အခြေအနေမှာရှိနေတယ်ဆိုပေမယ့် ယူနိုက်တက်အတွက်က တော့ တိုက်စစ်ပိုင်းလိုအပ်ချက်မြင့်မားနေခဲ့ တာလို့ ဆိုရမှာပါ။ ရလဒ်ဆိုးတွေကြားကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အသင်းနှစ်သင်းရဲ့ရုန်းအားကိုမြင်တွေ့ရမှာဖြစ်သလို အနိုင် ၃မှ တ်အတွက် မဖြစ်မနေဂိုးသွင်းရဖို့လိုအပ်နေတဲ့အခြေအနေတွေကြောင့် အပြန်အလှန်သွ င်းဂိုးတွေမြင်တွေ့ခွင့်ရမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

နယူးကာဆယ် Vs မန်ယူနိုက်တက်

ထိပ်တိုက်တွေ့ဆုံမှု

နယူးကာဆယ် ဝ-၂ မန်ယူနိုက်တက်

မန်ယူနိုက်တက် ၃-၂ နယူးကာဆယ်

နယူးကာဆယ် ၁-၀ မန်ယူနိုက်တက်

မန်ယူနိုက်တက် ၄-၁ နယူးကာဆယ်

နယူးကာဆယ် ၃-၃ မန်ယူနိုက်တက်

နယူးကာဆယ်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

လက်စတာ ၅-၀ နယူးကာဆယ်

နယူးကာဆယ် ဝ-၀ ဘရိုက်တန်

လီဗာပူး ၃-၁ နယူးကာဆယ်

မန်ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

မန်ယူနိုက်တက် ၁-၁ အာဆင်နယ်

ဝက်စ်ဟမ်း ၂-၀ မန်ယူနိုက်တက်

မန်ယူနိုက်တက် ၁-၀ လက်စတာ



နှစ်ဖက်အသင်းသတင်းများ

  • နယူးကာဆယ်အနေနဲ့ ဒဏ်ရာရကစားသမားကင်းစင်နေတယ်ဆိုပေမယ့် ကွင်းလယ်နဲ့တိုက်စစ်ကြားချိ တ်ဆက်နိုင်ခြင်းအားနည်းနေတဲ့အတွက် လိုအပ်ချက်ရှိနေ။
  • ဒဏ်ရာရကစားသမားများပြားနေတဲ့ ယူနိုက်တက်ရဲ့လူစာရင်းမှာ ပေါ့ဘာ၊ မာရှယ်၊ လင်ဂတ်၊ ဘိုင်လီ တို့ ပါဝင်လာဖွယ်မရှိ။
  • ဂျိုလင်တန်၊ မက်ဇီမန်တို့ရဲ့အတိုးအလှုပ်နဲ့အတူ ပွဲထွက်လာနိုင်တဲ့ နယူးကာဆယ်အသင်းအနေနဲ့ခံစစ် နေရာမှာ ကစားသမား ၅ဦးအထိအသုံးပြုဖိုရှိနေခဲ့။
  • ၄-၃-၃၊ ၄-၃-၂-၁ ကစားကွက်တွေကိုအများစုအသုံးပြုလေ့ရှိတဲ့ မန်ယူနိုက်တက်တိုက်စစ်ကို မာတာ၊ ရ က်ချ်ဖို့ဒ်၊ ဂျိမ်းစ်တို့ ဦးဆောင်လာဖို့ှရှိနေ။


ပွဲကြိုအချက်အလက်

  • နယူးကာဆယ်အနေနဲ့ နောက်ဆုံး ၆ပွဲမှာ ၃ပွဲရှုံး ၂ပွဲသရေ ၁ပွဲနိုင်ရလဒ်ရရှိထားပြီး ၄ဂိုးသွင်း ၁၀ဂိုးပြန်ေ ပးထားရ။
  • အစဉ်အလာအရနောက်ဆုံး ၁၃၆ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာ နယူးကာဆယ်က ၃၅ကြိမ်နိုင် ၃၈ကြိမ်သ ရေကျထားပြီး မန်ယူနိုက်တက်က ၇၃ကြိမ်အထိအနိုင်ရရှိထားခဲ့။
  • မန်ယူနိုက်တက်အနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင် ၃ပွဲနိုင် ၂ပွဲသရေ ၁ပွဲရှုံးရလဒ်ရရှိထားပြီး ၄ဂိုးသွင်း ၄ဂိုးပြန်ပေးထားရ။
  • နယူးကာဆယ်အနေနဲ့ မန်ယူနိုက်တက်ကို ရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၃၃ပွဲမှာ ပွဲ ၃၀အထိအရေးနိ မ့်ထားခဲ့။

ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်

နယူးကာဆယ်  - လီယွန်၊ ရှောင်ဒက်ဖီ၊ ပရိုပါ၊ ချီလိုတို၊ ဘာနာဒို၊ ဆော်လီမာ့ချ်။

မန်ယူနိုက်တက် - ဘယ်လီ၊ ပေါ့ဘာ၊ လင်ဂတ်၊ ဖီးလ်ဂျုံးစ်၊ လုခ်ရှော၊ မာရှယ်၊ ဝမ်ဘစ်စကာ(ကြံ့ခိုင်မှုမပြည့်ဝ)

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

နယူးကာဆယ်အနေနဲ့ လက်စတာကို အလံဖြူထောင်ရတဲ့အထိ ဆိုးဆိုးရွားရွားအရေးနိမ့်ခဲ့တယ်။ ယူနိုက်တက် ကလည်း တိုက်စစ်ပိုင်းလိုအပ်ချက်နဲ့အတူ ဂိုးရဖို့ရုန်းကန်နေဆဲဖြစ်တဲ့ အတွက်နှစ်သင်းလုံးရဲ့တိုက်စစ်ပိုင်းကမေး ခွန်းထုတ်ချင်စရာဖြစ်နေတယ်။


ခန့်မှန်းရလဒ်    - နယူးကာဆယ် ၁-၁ မန်ယူနိုက်တက်

Share

Loading Next Article...
က္က