မကြာခင်ဘွဲ့ယူရတော့မှာပါ။
စိုးပြည့်သဇင်က စတုတ္ထနှစ် မြန်မာစာအဝေးသင် နောက်ဆုံးနှစ် အောင်မြင်သွားပြီဖြစ်လို့ မကြာခင် ဘွဲ့ယူရတော့မှာပါ။ သူမဟာ အနုပညာအလုပ်မှာလည်း အောင်မြင်သူဖြစ်သလို ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။

စိုးပြည့်သဇင်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မြန်မာစာ အဝေးသင်နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်သွားပြီလို့ သိရပါတယ်။ သူမနဲ့ထပ်တူ မိသားစုတွေ၊ ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’ဘွဲ့ယူရတော့မှာပေါ့နော်’’ ဧပြီလ ၂ ရက်နေ့ ညနေ ၅ နာရီ ၅၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ စိုးပြည့်သဇင်ကို ချစ်တဲ့ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ယူစကားတွေ Comment ကနေတဆင့် ပြောထားတာ တွေ့ရပါတယ်။ စိုးပြည့်ကိုယ်တိုင်ကလည်း မိသားစုနဲ့ အတူ ပျော်ရွှင်နေပါတယ်။

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့သူပါ။ စိုးပြည့် အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ပါ။ သီချင်းနဲ့ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။

စိုးပြည့်သဇင်က စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့ အတူ မင်းသမီးပိုးထည်တိုက်ဆိုတဲ့ ပိုးထည်ဆိုင်ကိုဖွင့်ထားပါတယ်။ စိုးပြည့်သဇင်က လက်ရှိမှာ သရုပ်ဆောင် ကျော်ကျော်၊ သူရထူးတို့နဲ့ အတူ ‘’လူးလူးစိန်’’ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ဆံပင်ညှပ်တဲ့ ကောင်မလေးတစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်နေတာပါ။

စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေးနေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်. အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ ဂီတအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်. မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က