မယ်လိုဒီတစ်ယောက် အွန်လိုင်းဆယ်လီတစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးနဲ့ Facebook Friend ဖြစ်ချင်တယ်လို့ ဖွင့်ပြောလာပါတယ်။ မယ်လိုဒီက အနုပညာအလုပ်တွေ လုပ်နေတဲ့အပြင် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ နေကြာစေ့လည်း ရောင်းနေတာ ဖြစ်ပါတယ်။
Photo: Melody Facebook
သရုပ်ဆောင် မယ်လိုဒီတစ်ယောက် အွန်လိုင်းဆယ်လီတစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးနဲ့ Facebook Friend ဖြစ်ချင်တဲ့အကြောင်း Public မှာ ပြောပြ ခဲ့ပါတယ်။ ဘာအတွက်ကြောင့် ဒီလို ရေးသလဲ ဆိုတာကိုတော့ ပြောပြထားတာမရှိပါဘူး။ မယ်လိုဒီရဲ့ ဆန္ဒကိုတော့ ဖြည့်ဆည်းပေးတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။
'' ဖြူဖြူထွေးနဲ့FACEBOOK မှာသူငယ်ချင်းဖြစ်ချင်တယ်။ အကောင့်လေး အလင်းပြပါရှင့်'' ဆိုပြီးတော့ စက်တင်ဘာလ ၄ နာရီ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ ဒါကိုလည်း သရုပ်ဆောင် စည်သူမောင်က ဖြူဖြူထွေးအကောင့်ကို Mention ခေါ်လိုက်တာကြောင့် မယ်လိုဒီက အကောင့်သွားအပ်ထားတယ်လို့ ပြန်လည်ပြောပြထားတာကို တွေ့ရပါတယ်။
Photo: Phyu Phyu Htwe
ဖြူဖြူထွေးဟာ ကျောင်းကပွဲမှာ မြန်မာဝတ်စုံနဲ့ အနောက်တိုင်းအက ကပြတဲ့ ဗီဒီယို ဖိုင်ကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာ ဖြစ် ပါတယ်။ သူ့ကိုလည်း ဝေဖန်တိုက်ခိုက်သူတွေက အခုချိန်ထိ ရှိနေပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးက တီဗီကြော်ငြာတွေ၊ သီချင်း MTV တွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။
အနုပညာမောင်နှမတွေရဲ့ ဖေးမကူညီမှုကြောင့် ပျော်နေတဲ့ ဖြူဖြူထွေး
Photo: Melody Facebook
မယ်လိုဒီကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေတဲ့အပြင် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ နေကြာစေ့လည်း ရောင်းနေတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် ချူဆီရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်းပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ KTV မှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေရဲ့ အကြောင်းကို ပညာပေးအနေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။
Photo: Melody Facebook
မယ်လိုဒီ့မှာတော့ သစ္စာရှိပြီး အလုပ်ကြိုးစားတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သားလေးရယ် ပိုင်ဆိုင်ထားပါတယ်။ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။