သူ့ရဲ့ မွေးရပ်ဇာတိလည်းဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် နေထူးနိုင်ကတော့ ရေနံချောင်းမြို့မှာ COVID-19 ကုသ၊ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများ ကို သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ခြံထဲမှာ လုပ်ကိုင်ဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ 

Photo: Nay Htoo Naing



COVID-19 ကူးစက် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အနုပညာရှင်တော်တော်များများကလည်း တစ်ဖက်တစ်လမ်းက အသိပညာပေးတွေ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒီအထဲမှာမှ သရုပ်ဆောင် နေထူးနိုင်ကလည်း ရေနံချောင်းမြို့သူ၊ မြို့သားတွေအတွက် COVID-19 ကုသဖို့အတွက် သူ့ရဲ့ ရုပ်ရှင်ခြံကို ယာယီပေးထားတယ်လို့ သိရပါတယ်။ 

" မြန်မာနိုင်ငံတစ်ဝှမ်း မြို့ရွာအနှံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား‌ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု့ဖြင့် ဆောင်ရွက်လျက်ရှိရာ နေထူးနိုင်ကလည်း တဖက်တလမ်းကနေ ပါဝင်ကူညီပါတယ်။ သူ့မှာ ၁၂ ဧက ကျယ်တဲ့ ရုပ်ရှင်ခြံရှိပါတယ်။ ရေနံချောင်းမြို့ အဝင် သုံးဆယ်ခြောက် ရေနံချောင်း စက်မှု့ဇုံ မှာပါ။ ရွှေရောင်လင်း ဓါတ်ဆီဆိုင်နားပါ။ လတ်တလော လူ ၁၀ ဦးနေနိုင်တဲ့ တဲ ၂ လုံးရှိပါတယ်။ ရေ အလုံအလောက်ရှိပါတယ်။ ခြံက ၁၂ ဧကမို့ ကျယ်ဝန်းပြီး လိုအပ်ရင် လိုအပ်သလို ထပ်မံ တိုးချဲ့နိုင်တဲ့ အကျယ်အဝန်းရှိပါတယ်။ မြို့အဝင် လမ်းမပေါ်မှာမို့ မြို့ပြန်လာတဲ့သူတွေကို အလွယ်တကူထားနိုင်တဲ့ နေရာကောင်းလေးပါ။ (၁၄)ရက် သီးသန့်နေထိုင်ဖို့ စောင့်ကြည့်ဖို့ ကောင်းတဲ့နေရာလေးပါ။အဲဒီအတွက် နေထူးနိုင်ကို ကျေးဇူးအထူးတင်ရှိပါတယ်" ဆိုပြီးတော့ ဧပြီလ ၁ ရက်နေ့ ည ၈ နာရီကျော်က ရေနံချောင်း သစ္စာဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။ 

Photo: Nay Htoo Naing

နေထူးနိုင်ကိုတော့ ပရိသတ်တွေက အက်ရှင်မင်းသားတစ်ယောက်အဖြစ် စတင်သိရှိလာခဲ့ကြတာပါ။ လက်ရှိမှာလည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတာဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဗီဒီယို အဖွဲ့မှာလည်း အတွင်းရေးမှူးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် အားတက်သရော ပါဝင်လေ့ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ 

Photo: Nay Htoo Naing

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။ အခုဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ ကူးစက်ခံရသူ (၁၆)ဦး ရှိလို့နေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က