နေခြည်ဦးတစ်ယောက် အလုပ်တွေများတဲ့ အတွက် ကျန်းမာရေးမကောင်းတဲ့ အထိတောင်ဖြစ်သွားပါတယ်တဲ့.သူမ အနေနဲ့ ပရိသတ်တွေရော. လုပ်ဖော်ကိုင်ဖက်တွေကိုပါ မစိုးရိမ်ကြစေဖို့ အခုလို ပြောပြထားတာ တွေ့ရပါတယ်.
Photo: နေခြည်ဦး
ပရိသတ်အချစ်တော်မလေး နေခြည်ဦး တစ်ယောက် ကျန်းမာရေး မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်. ရိုက်ကူးဖို့ လက်ခံထားတဲ့ ကြော်ငြာကိုတောင် မရိုက်ဖြစ်လိုက်ရတဲ့ အခြေအနေ အထိပါပဲလို့ သူမကိုယ်တိုင်က အခုလို ရင်ဖွင့်ပြောပြထားပါတယ်.
''အိပ်ချိန်စားချိန်မမှန်ဘဲ အလုပ်အရမ်းပိသွားလို့ မနေ့ညထဲက အိပ်ရာထဲလဲသွားတာပါ။ ခုသက်သာနေပါပြီဆေးရုံလည်း ထပ်သွားလိုက်ရပါတယ်။ ဒီနေ့ပျက်ကွက်သွားတဲ့ ကြော်ငြာ shooting အတွက် နေခြည်တောင်းပန်ပါတယ်။ မနက်ဖြန်အလုပ်ကိုလည်း နေခြည် မပျက်အောင် ဆေးအကူတွေယူထားပါတယ်။ တစ်နေကုန် အိပ်ရာထဲလဲနေရလို့active မဖြစ်တာ sorry ပါ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ည ၉ နာရီကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်.
Photo: နေခြည်ဦး
နေခြည်ဦးဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ သူကိုယ်တိုင် ကြိုးစားခဲ့ရတဲ့ အရာတွေက ပရိသတ်အသိအမှတ်ပြုတာ ခံရလို့ ဝမ်းသာပီတိဖြစ်လို့ နေပါ တယ်။ ဒါကြောင့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားဦးမယ့်အကြောင်း ပြောပြခဲ့ပါသေးတယ်။
''လောကမှာ ကြောက်တာဆိုလို့ သရဲကားနဲ့ ပင့်ကူဘဲရှိတယ်။ ယုံကြည်မှုရှိရင် ဘာမဆိုရင်ဆိုင်နိုင်တယ်။အောင်မြင်မှုအတွက် chillies တွေရဲ့ပံ့ပိုးမှုနဲ့ ၂၀၁၉ တစ်နှစ်ပတ်လုံးကို ရဲရဲကြီးသွားနေဦးမှာဘဲ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် မှာရေးသားခဲ့ဖူးပါတယ်။
Photo: နေခြည်ဦး
နေခြည်ဦး တစ်ယောက် ဒီဇင်ဘာလ ၇ ရက်နေ့မှာပဲ သူ့ကိုအားေပးတဲ့ ပရိသတ်ပေါင်း ၈ သိန်းကို ပိုင်ဆိုင်ခဲ့ရပြီလို့ ဆိုပါတယ်။ သူကိုယ်တိုင် ကလည်း follower ၈သိန်း ပြည့်ရမယ်ဆိုတာကို အစကတည်းက ရည်ရွယ်ချက် ရှိခဲ့ဖူးတဲ့ အကြောင်းကို ပြောပြလာပါတယ်။
'' ဒီနေ့ နေခြည့် personal account လေး Follower ၈ သိန်းပြည့်သွားပါပြီ။ နေခြည့် ၂၀၁၈ planner စာအုပ်လေးက မကုန်သေးတော့ ဒီနှစ် အတွင်း follower ၈သိန်း ပြည့်ရမယ်လို့ နေခြည် plan ခဲ့ဖူးတာ မှတ်မိနေတယ်။ ကိုယ့်ဟာကိုယ် စာအုပ်ဗြောင်မှာလုပ်ထားရတဲ့ Planner စာအုပ် လေးဆိုတော့ date တွေပြန်ရှာရတာ သိပ်ခက်တာဘဲ။ feb တစ်ရက်နေ့ တုန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ရေးခဲ့တာလေး အခု ပြန်ရှာတွေ့မိတော့ မျက်ရည်တောင်ဝဲတယ်။ နေခြည်လုပ်နိုင်ခဲ့ပြီလေ'' လို့ ဆိုပါတယ်။
Photo: နေခြည်ဦး
နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။