မင်းဦးက သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာ နေခြည်ဦးကို ဇာတ်ဆောင် မင်းသမီး တစ်ယောက်အနေနဲ့ ရွေးချယ်ထားတယ်လို့ ဆိုပါတယ်. ဒီဇာတ်ကား ဟာဆိုရင် သူ့အတွက် စိန်ခေါ်မှု တစ်ခုကို ရင်ဆိုင်ရမယ့် ဇာတ်ကားဖြစ်တယ်လို့ ဆက်လက်ပြောပြလာပါတယ်.
Photo: Min Oo
မင်းဦးကိုယ်တိုင် ရိုက်ကူးမယ့် '' ကိုယ်ပွား'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နေခြည်ဦးနဲ့ ကျော်ထက်အောင် တို့က အဓိက ဇာတ်ဆောင် အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်. နေခြည်ဦးကို ဇာတ်ဆောင် တစ်ယောက်အဖြစ် ရွေးချယ် ရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်.
'' သူကလည်း အခုလောလောဆယ် ရုပ်ရှင်ဇာတ်ကားလည်း ရုံတင်ထားတယ်. နောက်ပြီးတော့ အသစ်ဖြစ်နေတဲ့အတွက် ကြိုးစားချင်စိတ်လည်းရှိတယ်ဆိုတာ ကို မြင်နေရတယ်လေ. အစ်ကို့ဘက်ကလည်း အကောင်းဆုံး ကြိုးစားပြီး သူတို့ကို ရိုက်ပေးမယ်. သူတို့ဘက်ကလည်း အကောင်းဆုံးကြိုးစားပြီးတော့ 100 % အစ်ကို့ကို ပေးဖို့လိုတယ်'' လို့ သူကဆိုပါတယ်.
Photo: Min Oo
'' ကိုယ်ပွား'' ရုပ်ရှင်ဇာတ်ကားကြီးဟာ မင်းဦး အတွက်တော့ ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်. ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင် အနေနဲ့ ကျော်ထက်အောင်ကို နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခိုင်းမှာဖြစ်လို့ သူကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေတယ်လို့ '' ကိုယ်ပွား'' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့ပါတယ်.
'' ဒီကားက ၂ ကိုယ်ခွဲရိုက်ရမယ်. Musical ကားဖြစ်တယ်. ဒီကားကို ပရိသတ်လက်ခံရင် အစ်ကို အောင်မြင်တယ် ဒါပဲလေ. အဲ့ဒါမျိုး Challange ကို အစ်ကို ယူရမှာ ပုံမှန်သွားလို့တော့ အစ်ကို အဆင်မပြေဘူးလေ. ဒီဇာတ်မျိုးကို ရိုက်မယ်. ဒီလို ပုံစံပဲ သွားမယ် ဆိုရင်တော့ အဆင်မပြေဘူးလေ စိန်ခေါ်မှုရှိမှ အစ်ကိုလည်း လုပ်ရတာ ရင်ခုန်မယ်. ပိုပြီးတော့လည်း ကြိုးစားချင်တဲ့ စိတ်ရှိမယ်ပေါ့'' လို့ ဆိုပါတယ်.
Photo: Min Oo
ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ကိုယ်တိုင်ရိုက်ကူးလာရတဲ့ မင်းဦးက ၂၀၁၈ ခုနှစ် အကယ်ဒမီ ပေးပွဲအတွက်ကိုလည်း အခုကတည်းက ရင်ခုန်နေပါပြီတဲ့. သူကိုယ်တိုင် ပထမ ဆုံး အကြိမ်ရိုက်ကူးထားတဲ့ ''ချူဆီ'' ရုပ်ရှင်ဇာတ်ကားကြီးကလည်း အကယ်ဒမီ စာရင်းဝင် ဇာတ်ကားဖြစ်လို့ ပိုပြီးတော့တောင် စိတ်လှုပ်ရှားလို့ နေပါတယ်.
'' အကယ်ဒမီ ပွဲကတော့ ဘယ်လိုပဲဖြစ်ဖြစ် နီးလာရင် ရင်ခုန်ပါတယ်. ဒါ အမှန်အတိုင်းပြောတာ သူများတွေကိုလည်း မလိမ်ချင်ဘူး.ပြီးတော့ ကိုယ့် ကားထဲမှာ ပါတဲ့ သရုပ်ဆောင်တွေကိုလည်း ဘယ်သူ ရရ ရစေချင်တယ်. တကယ်ပြောတာ. ကိုယ်ကိုယ်တိုင်ကတော့ မမျှော်မှန်းပါဘူး. ကိုယ့်ထက်ကောင်းတဲ့သူတွေ. ကိုယ့်ထက် ကောင်းတဲ့ ကားတွေ အများကြီးရှိတယ်.ရခဲ့ရင်လည်း စိတ်မဆိုးဘူး'' ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်.
Photo: Min Oo
မင်းဦးကိုယ်တိုင် ပထမဆုံးရိုက်ကူးပုံဖော်ခဲ့တဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ကျော်ထက်အောင်နဲ့အတူ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ မေ၊ နန်းစုဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်းက ရိုက်ကူးတာဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်းမှာပဲ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။
Share